Home
မြန်မာသတင်း
ကျိုက်ထီးရိုးတောင်ပေါ်၌ ရန်ပြုခဲ့သည့် ပျံကျစျေးသည်များကို တရားစွဲမည် 
DVB
·
November 5, 2019
73291894_2673896679327393_5979618366170595328_n
76705255_2673896749327386_7938922514632146944_n
74461925_2673896869327374_1756024385723957248_o
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးစေတီတောင်ပေါ်မှာ နိုဝင်ဘာ ၄  ရက် မနက်က ပျံကျစျေးရောင်းချနေသူတွေနဲ့ စေတီတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အတက်လမ်းရှိ ခြင်္သေ့နှစ်ကောင်မုဒ်ဦးအဝ Mountain Top Hotel သွားရာလမ်းမှာ  ပျံကျစျေးသည်တွေ ဈေးမရောင်းဖို့ လိုက်လံသတိပေးတားမြစ်ရာက ပြဿနာစ ဖြစ်ပွားခဲ့ကြတာပါ။ ကျိုက်ထီးရိုးဘဏ္ဍာထိန်းဂေါပကအဖွဲ့ ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်က “ စည်းကမ်း ထိန်းတွေက စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ တာဝန်ထမ်းဆောင် နေတဲ့အချိန်မှာ သူတို့က ရန်ပြုပြီးရိုက်နှက်ခဲ့တဲ့အပေါ် သာသနာညှိုးနွမ်းစေတာတွေလည်း ရှိနေပါတယ်။ ကျနော်တို့ဘက်က ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုသွားဖို့ရှိပါတယ်။” လို့ ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် စေတီတော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ၁၂ဦး အရိုက်ခံရပြီး ၄ ဦး ဒဏ်ရာတွေရရှိခဲ့ကာ ပျံကျစျေးသည်တွေဘက်ကလည် လူအနည်းငယ်ထိခို က်ဒဏ်ရာရခဲ့ပါတယ်။ အခုလို ခိုက်ရန်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံးက  မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ထံအ ကြောင်းကြားထားပြီး ရဲအင်အားထပ်မံဖြည့်တင်းကာ စောင့်ကြည့်သွားဖို့ရှိနေပါတယ်။ သတင်း- ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024