DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ပွဲဒေသက အမျိုးသမီးများ၏ အခက်အခဲပြဿနာများ ဖြေရှင်းနိုင်ရေး ဆွေးနွေး
DVB
·
November 5, 2019
ရခိုင်စစ်ပွဲဒေသက အမျိုးသမီးများ၏ အခက်အခဲပြဿနာများ ဖြေရှင်းနိုင်ရေး ဆွေးနွေး
Donate to DVB

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ဒေသက အမျိုးသမီးတွေရဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုရရှိရေးအတွက်  ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေက စစ်တွေမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးဆွေးပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေသဇင်ဟိုတယ်မှာ နိုဝင်ဘာ ၃ ရက်က ရခိုင်အရပ်ဖက် အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့က ပါဝင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “အဆိုးဝါးဆုံးကတော့ ပြဿနာတွေ ဖြစ်ကြပြီဆိုရင် အဓိက ခံစားနေရတာက အမျိုးသမီးနဲ့ ကလေးသူငယ်တွေပဲ ဖြစ်တယ်လို့ ယူဆတယ်။ အခုလို ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အချိန်မှာ ကျမတို့က စခန်းထဲ သွားပြီးတော့ လက်တွေ့ ကွင်းဆင်းကြည့်ရတာတွေရှိတယ်။ အမျိုးသမီးကိုယ်ဝန်ဆောင်တွေရဲ့ ဒုက္ခတွေကို သွားပြီး ကြည့်ပေးရတယ်။ သူတို့မှာ ဆေးကုသမှု လုံလုံလောက်လောက် မရရှိဘူး။ အဓိက သန့်ရှင်းတဲ့ရေ သုံးစွဲနိုင်တဲ့ စခန်းတွေ မရှိဘူး” လို့ ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေ အခြေအနေတွေ ကျန်းမာရေး၊ ကလေးတွေ ပညာရေးတွေလည်း စစ်ဘေးရှောင်စခန်းမှာ ရောက်နေကြတဲ့ အမျိုးသမီးတွေကလည်း ဒီဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးခဲ့ကြတာတာကို တွေ့ရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကလည်း ကလေးမွေးဖွားခါနီး ဆေးရုံ ဆေးခန်းတွေနဲ့ ဝေးလွန်းတဲ့အတွက် အခက်အခဲတွေ ဖြစ်နေကြရသလို အရွယ်ရောက်ပြီးသား မိန်းကလေးတွေကလည်း ဒီလို စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေက သူတို့ဘဝတွေ လုံခြုံမရှိကြဘူးလို့ ဆိုပါတယ်။

အခုပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပျောက်ကွယ်နေတဲ့ ရခိုင်အမျိုးသမီးတွေရဲ့ အသံတွေ ပါဝင်လာနိုင်ဖို့နဲ့ သူတို့ရဲ့ အခက်အခဲတွေ ပြဿနာတွေကို ထင်ဟပ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ အခုလို ဆွေးနွေးခဲ့ကြတာပါ။

ဒီလို အခက်အခဲတွေကို အစိုးရအနေနဲ့ ပါဝင်ကူညီဆောင်ရွက်ပေးဖို့ လိုသလို တိုက်ပွဲတွေကို ရပ်စဲဖို့ ငြိမ်းချမ်းဆွေးနွေးမှုတွေ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုတယ်လို့ အမျိုးသမီးထုက တောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ရခိုင်အမျိုးသမီးများအစည်းအရုံးက ဦးဆောင်ပြုလုပ်တာ ဖြစ်ပြီး ရခိုင်အမျိုးသားပါတီ၊ ရခိုင်အမျိုးသမီးများအစည်းအရုံး၊ ရခိုင်လူငယ်ကွန်ရက် စတဲ့ အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့က ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013