DVB Logo
Home
မြန်မာသတင်း
သမ္မတက ဖွံ့ဖြိုးရေးမူဝါဒ ကြေညာရန်ရှိ
DVB
·
January 18, 2013
သမ္မတက ဖွံ့ဖြိုးရေးမူဝါဒ ကြေညာရန်ရှိ
Donate to DVB

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အခုရက်ပိုင်းအတွင်း  နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိနေသလို  ပြည်တွင်းက အန်ဂျီအိုတွေနဲ့လည်း  ရန်ကုန်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန် နေပြည်တော်မှာ ပြုလုပ်မယ့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို တက်ရောက်ပြီး ဖွံ့ဖြိုးရေးမူဝါဒကို ကြေညာဖို့ရှိတယ်လို့ မင်္ဂလာမြန်မာဖောင်ဒေးရှင်ရဲ့ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“၁၉ ရက်နေ့ မနက် ၉ နာရီမှာ ပြည်တွင်းချည်းမဟုတ်ဘူး။ တခြားနိုင်ငံခြားသားတွေပါ ဖိတ်ထားတယ်။ တခြား နိုင်ငံခြားက၀န်ကြီးတွေလည်း ပါလိမ့်မယ်။ နိုင်ငံတော်သမ္မတ တက်မယ်၊ သူမိန့်ခွန်းပြောမယ်။ ဖွံ့ဖြိုးရေးပေါ်လစီ ကြေညာဖို့ပါ။”

ပထမဦးဆုံးအကြိမ် ကျင်းပမယ့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နိုင်ငံတကာက သက်ဆိုင်ရာ ၀န်ကြီးတွေ၊ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အစည်းတွေနဲ့ အလှူရှင်တွေ၊ ပြည်တွင်းက အန်ဂျီအို အဖွဲ့တချို့ကို သမ္မတ အနေနဲ့ တွေ့ဆုံပြီး မိန်ခွန်းပြောကြားဖို့ ရှိနေတာပါ။

သမ္မတ ဦးသိန်းစိန်ဟာ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ မူဘောင်တွေကို ပြောကြားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့မှာလည်း သမ္မတဦးသိန်းစိန်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ ပြည်တွင်းက အန်ဂျီအိုတွေကို ရန်ကုန်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

သမ္မတအနေနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာကို ပြည်တွင်း အန်ဂျီအိုအဖွဲ့တခုဖြစ်တဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC) က ကိုလှိုင်မြတ်က ကြိုဆိုလိုက်ပြီး သမ္မတဦးသိန်းစိန်အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို မေးခွန်းထုတ်လိုက်ပါတယ်။

“သမ္မတက သူတက်လာပြီးကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့ မိန့်ခွန်းတွေ အများကြီးပြောတယ်။ လက်တွေ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှာလဲဆိုတဲ့ စနစ်တကျလုပ်ထုံးလုပ်နည်းတခုက ခုထိမရှိသေးဘူး။ ဒီလိုတွေ့ခွင့်ရမယ်ဆိုရင် အပြန်အလှန် ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုတာ ပိုပုံပေါ်လာမယ်။ အရင်က မူအနေနဲ့ စကားအနေနဲ့ရှိရာက တကယ်လက်တွေ့ လက်တွဲရနိုင်တဲ့အခြေအနေအထိ ဖန်တီးလို့ရမယ်လို့ မျှော်လင့်ပါတယ်။”

ဒါဟာ သမ္မတ ဦးသိန်းစိန်အနေနနဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်း အန်ဂျီအိုတွေနဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013