DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၈ ဖြင့် တရားစွဲထားသူ ၄ ဦးကို ထောင်ဒဏ် ၁ လချပြီး ပြန်လွှတ်
DVB
·
January 18, 2013
ပုဒ်မ ၁၈ ဖြင့် တရားစွဲထားသူ ၄ ဦးကို ထောင်ဒဏ် ၁ လချပြီး ပြန်လွှတ်
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာစုရုံးဆန္ဒပြခွင့် ဥပဒေကို ချိုးဖောက်မှုပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားရသူ ၄ ဦး ဒီကနေ့ ထောင်ဒဏ်ချမှတ်ခံရပြီးမှ ချုပ်ရက်ပြည့်သွားတဲ့အတွက် ပြန်လည်လွတ်မြောက်လာပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်အကြမ်းဖက်ဖြိုခွဲခံရမှုအပေါ် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်)က ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုကျော်မင်းလွင်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့် စုစုပေါင်း ၄ ဦးကို ပုဒ်မ ၁၈ အရ မန္တလေးတိုင်း ချမ်းမြသာစည် တရားရုံးက  အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ကျခံရန် အမိန့်ချလိုက်ပါတယ်။

[caption id="attachment_34384" align="alignright" width="150" caption="ဒီဇင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့ ဆန္ဒထုတ်ဖော်ပွဲတွင် တွေ့ရသည့် ကျောင်းသားလူငယ်များ"][/caption]

ကိုအောင်မှိုင်းဆန်းနဲ့ ၄ ဦးဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့အတွက် ထောင်တွင်းချုပ်ရက်ကို ခံစားရတဲ့အတွက် ၁ လပြည့်မြောက်ပြီး ဖြစ်လို့ ပြန်လည်လွတ်မြောက်လာတာလို့ လွတ်မြောက်လာသူ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“တရားသူကြီးက ကျနော်တို့ကို ပုဒ်မ ၁၈ ကို ကျူးလွန်ရာရောက်တယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ အမိန့်ချတယ်။ အမိန့်မှာ ကျနော်တို့က ချုပ်ရက်ရှိရင် ခံစားခွင့်ရှိတယ်လို့ ပြောတဲ့အတွက် စဖမ်းတာက ပြီးခဲ့ ၁၄ ရက်နေ့က ဆိုပြီးတော့ ရုံးတင်ထောင်ထဲဝင်ရတာ ဖြစ်တဲ့အတွက် အခုက ၁ လ ကျော်သွားပြီ။ ချုပ်ရက်နဲ့ ပြတ်သွားတယ်။”

ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့က ရဟန်းသံဃာတွေနဲ့ ဗကသအဖွဲ့ချုပ်က အဖွဲ့ဝင်တွေဟာ လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု ၁ လပြည့်အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့တွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ရာမှာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးတွေထံ ဆန္ဒပြခွင့်မတင်တဲ့အတွက် ပုဒ်မ ၁၈ နဲ့  မန္တလေး အိုးဘိုထောင်အချုပ်မှာ ဖမ်းဆီး တရားစွဲဆိုခံရတာလည်း ဖြစ်ပါတယ်။

ပုဒ်မ ၁၈၊ ၅၀၅ (ခ) အပါအ၀င် မတရားတဲ့ဥပဒေတွေကို ပယ်ဖျက်ပေးအောင် ကြိုးစားသွားမယ်လို့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“စဖမ်းကတည်းက မတရားသဖြင့် အဖမ်းခံရတယ်။ ကျနော်တို့က မွေးရာပါအခွင့်အရေးအရ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတာကို ပုဒ်မ ၁၈ ဆိုတာနဲ့ ချုပ်နှောင်ပြီး မတရားဖမ်းတာဖြစ်လို့ အခုအမိန့်ချလိုက်တာရော လွတ်လာတာကိုရော ၀မ်းသာစရာမရှိပါဘူး။ မတရားမှုက မတရားမှုပါပဲ။ ပုဒ်မ ၁၈၊ ၅၀၅ (ခ) အပါအ၀င် မတရားတဲ့ပုဒ်မတွေ အားလုံးကို ပယ်ဖျက်အောင် အတတ်နိုင်ဆုံး ဆက်လုပ်ဆောင်သွားပါဦးမယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013