DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်ပတ်လမ်းဖောက်ခြင်းနှင့် အပင်ခုတ်ခြင်းရပ်ဆိုင်းရန် ပညာရေးဌာန သဘောတူ 
DVB
·
November 4, 2019
ရန်ကုန်တက္ကသိုလ်ပတ်လမ်းဖောက်ခြင်းနှင့် အပင်ခုတ်ခြင်းရပ်ဆိုင်းရန် ပညာရေးဌာန သဘောတူ 
1 / 5
Donate to DVB

ရန်ကုန်တက္ကသိုလ်အတွင်း ပတ်လမ်းဖောက်တာနဲ့  သစ်ပင်တွေခုတ်တာကို ရပ်ဆိုင်းပေးဖို့ ကျောင်းသားတွေနဲ့ ဆရာတွေရဲ့တောင်းဆိုချက်ကို လိုက်လျောပေးဖို့ အဆင့်မြင့်ပညာဦးစီးဌာနက သဘောတူလိုက်ပါတယ်။

ကန့်ကွက်ခံနေရတဲ့ တက္ကသိုလ်ပတ်လမ်းစီမံကိန်းနဲ့ ပတ်သက်လို့ ဒီနေ့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ၊ ဆရာ၊ဆရာမများ သမဂ္ဂ၊ Environmenal Club၊ တက္ကသိုလ်တာဝန်ရှိသူတွေ၊ အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေး သဘောတူလိုက်တာပါ။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုညီဇော်က “ကျနော်တို့ တောင်းဆိုနေတာ နှစ်ချက် ရှိပါတယ်။ အပင်တွေ မခုတ်ဖို့၊ အပေါ်ယံရုပ်ဝတ္ထုပြောင်းလဲတာကိုပဲ ဦးစားမပေးဖို့ပါ။ ဒီ နှစ်ချက်လုံးကို သဘောတူညီမှုရပါတယ်။ ပတ်လမ်းဖောက်နေတာကို ယာယီရပ်ဆိုင်းပြီး ကျောင်းသားနဲ့ ဆရာတွေရဲ့ သဘောတူညီမှုရမှ ဆက်လုပ်မှာပါ။ လောလောဆယ်တော့ ဒီကိစ္စကိုကျနော်တို့ အွန်လိုင်းကနေ သဘောထားကောက်ထားတာ ရှိပါတယ်။ ၉၈ ရာခိုင်နှုန်းကျော်က သဘောမတူပါဘူး” လို့ ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်ထဲမှာ မြေပြင်တာနဲ့ ပတ်လမ်းဖောက်ဖို့ သစ်ပင်ကြီးပေါင်း ၈၀ လောက်ကို ခုတ်လှဲဖို့ လျာထားရာမှာ အခုတော့ အပင် ၅၀ ဝန်းကျင်ခုတ်ထားပြီး ဖြစ်ပါတယ်။

ဒီအကြောင်းကို ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နဲ့ သွားရောက်တွေ့ဆုံပြောဆိုခဲ့ပေမယ့် အဆင်မပြေတာကြောင့် ကန့်ကွက်ဆန္ဒပြတာတွေလည်းလုပ်ခဲ့ပြီး ဒီနေ့မှာတော့ တာဝန်ရှိသူတွေက သဘောတူခဲ့တာပါ။

ဆက်လက်ပြီး ကိုညီဇော်က “ပထမ သဘောတူညီတာမှာ ဒီကြားကာလမှာကျောင်းသားတွေ ဘက်ကလည်း လှုပ်ရှားနေတာတွေကို ရပ်ထားဖို့ဆိုပြီးပါတယ်။ ကျနော်တို့က ဒါဟာ အရောင်းအဝယ်လုပ်နေတာ မဟုတ်ဘူး။ တာဝန်ရှိသူတွေက လုပ်ပေးရမယ့်ကိစ္စပဲ ဖြစ်တယ်ဆိုပြီး အဲအချက်ကို မထည့်ခိုင်းခဲ့ဘူး။ ကျနော်တို့ကတော့ တာဝန်ရှိသူတွေက သဘောတူညီချက်တွေ အကောင်အထည်ဖော်တာကို စောင့်ကြည့်နေမှာဖြစ်သလို ဒီအတွက် လှုပ်ရှားတာတွေကို ဆက်လုပ်သွားမှာပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာလည်း တက္ကသိုလ်ဝန်းထဲက အပင်တွေခုတ်ဖို့ လိုအပ်ရင် ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ ဆရာမတွေကို အကြောင်းကြားပြီး လိုက်စစ်ဆေးပြီးမှ သစ်တောဦးစီးဌာနရဲ့ အကြံပြုလမ်းညွှန်ချက်နဲ့ပဲ ခုတ်မယ်လို့ သဘောတူကြပါတယ်။

ဒီနေ့သဘောညီချက်တွေကို အဆင့်မြင့်ပညာ ညွှန်ကြားရေးမှူးချုပ်၊ ဒုညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ်နဲ့ ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂ၊ ကျောင်းသားများသမဂ္ဂ၊ YU Environmental Club တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုဝင်ဘာဒုတိယပတ်မှာတော့ ဒီစီမံကိန်းဆောင်ရွက်နေသူတွေအပါအဝင် ကျောင်းသား၊ ဆရာသမဂ္ဂတို့နဲ့လည်း ထပ်ပြီး ဆွေးနွေးဖို့ ရှိနေပါတယ်။

ရန်ကုန်တက္ကသိုလ်ထဲက သစ်ပင်တွေ လုံးဝထပ်မခုတ်ဖို့၊ ပတ်လမ်းမဖောက်လုပ်ဖို့နဲ့ ကျောင်းသားထုဆန္ဒမပါဝင်တဲ့ လုပ်ငန်းတွေချက်ချင်းရပ်ဖို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီကနေ့ အဓိပတိလမ်းပေါက်မှာ  ခွပ်ဒေါင်းအလံတွေနဲ့ ပိုစတာတွေကိုင် ဆန္ဒပြခဲ့ကြပါတယ်။ 

ဓာတ်ပုံ  - MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013