DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် ထိစပ်မြို့နယ်များတွင် မြို့ဖွံ့ဖြိုးရေး လုပ်ဆောင်မည်
DVB
·
January 18, 2013
ရန်ကုန်နှင့် ထိစပ်မြို့နယ်များတွင် မြို့ဖွံ့ဖြိုးရေး လုပ်ဆောင်မည်
Donate to DVB

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို ရန်ကုန်မြို့နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကဏ္ဍ ၉ ခုခွဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

[caption id="attachment_35495" align="alignright" width="300" caption="ဆွေးနွေးပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ရန်ကုန်မြို့ဖွံ့ဖြိုးရေး   အနှစ် ၃၀  မဟာဗျူဟာ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူကို အသိပေးတဲ့ ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့တော်ခန်းမမှာ ဒီနေ့ပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက  ပြောဆိုလိုက်တာပါ။

ဒီစီမံကိန်းကို ဂျပန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (ဂျိုက်ကာ) ရဲ့ အကူအညီနဲ့   မြို့တော်စည်ပင်သာယာရေးကော်မတီက ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ဒီနေ့မှာ စီမံကိန်းတွေအကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မီဒီယာတွေကို တွေ့ဆုံ အသိပေးတာ ဖြစ်ပါတယ်။

ဒီပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇေကြီးက “ရန်ကုန်မြို့နဲ့ ထိစပ်နေတဲ့ သန်လျင်၊ ကျောက်တန်း၊ မှော်ဘီ၊ ထန်းထပင်နဲ့ တွံ့တေး မြို့နယ်တွေမှာ အကောင်အထည်ဖော်မယ်တဲ့။ အကျယ်အ၀န်းအားဖြင့် ဧရိယာ ၁၅၀၀ စတုရန်း ကီလိုမီတာခန့် ပါမယ်ပြောတယ်။ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာအနေနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကဏ္ဍ၊ ကဏ္ဍ ၉ ခုနဲ့ သူတို့လုပ်မယ်။ ၉ ခုက မြို့ပြသယ်ယူပို့ဆောင်ရေးပါမယ်၊ လမ်းကွန်ရက်ပါမယ်၊ ရထားပို့ဆောင်ရေး၊ ဆိပ်ကမ်းနဲ့ ကုန်စည်ပို့ဆောင်ရေး၊ ရေပေးဝေရေး၊ မိလ္လာနဲ့ရေစီးရေလာ၊ လျှပ်စစ်ဖြန့်ဖြူးရေး၊ အမှိုက်စွန့်ပစ်ဆိုင်ရာ စီမံခန့်ခွဲရေးနဲ့ ဆက်သွယ်ရေး ဒါတွေပါမယ်။”

ဒီ ဇန်န၀ါရီလကုန်မှာ  ဦးစားပေးလုပ်လိုတဲ့ စီမံကိန်းတွေကို မြန်မာဘက်က ဆုံးဖြတ်ပေးရမှာဖြစ်ပြီး၊ ဖေဖော်ဝါရီလကုန်မှာ ဂျပန်ဘက်က အတည်ပြုမှာဖြစ်ပါတယ်။ လုပ်ငန်းတွေကိုတော့ ဒီနှစ်ကုန်လောက်မှ စတင် အကောင်အထည်ဖော်နိုင်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲမှာ ရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေဖို့ ဆောင်ရွက်မယ့် အာဏာပိုင် အဖွဲ့တခုကို သမ္မတ အမိန့်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်ရာမှာ ထင်သာမြင်သာရှိရှိ ပြည်သူတွေကို အသိပေး တင်ပြပြီးမှ ဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က သူ့အစိုးရအဖွဲ့ကို မှာကြားထားပြီးတဲ့နောက် ရန်ကုန်မြို့ဖွံ့ဖြိုးရေးအဖွဲ့က အခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013