
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၅)၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်းမကြီးပေါ်မှာ ပစ္စည်းသယ်ကရိန်းယာဉ်တစီး မီးလောင်ခဲ့လို့ ၁ ဦးသေဆုံးခဲ့ပါတယ်။
Canter ကားအမျိုးအစား ပစ္စည်းသယ်ကရိန်းယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သူနာတင်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၁ ဦး သေဆုံးခဲ့ပြီး မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းက လူနာတင်ယာဉ်နဲ့ မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။











