DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဆင်းမ်ကတ်သုံးစွဲမှု ၁၀၅ ရာခိုင်နှုန်းနှင့် စမတ်ဖုန်းအသုံးပြုမှု ၈၀ ရာခိုင်နှုန်းရှိ
DVB
·
November 3, 2019
Donate to DVB

မြန်မာနိုင်ငံဟာ SIM CARD သုံးစွဲမှု ၁၀၅ ရာခိုင်နှုန်းနဲ့ စမတ်ဖုန်း အသုံးပြုမှု  ၈၀ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း မိုဘိုင်းအင်တာနက်ကွန်ရက် ကြီးထွားမှုအမြန်ဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာလ ၂ ရက်နေ့ စတင်ကျင်းပနေတဲ့  ၃၅ ကြိမ်မြောက် အာဆီယံစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံမိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ထည့်သွင်းပြောဆိုသွားတာပါ။ 

လွန်ခဲ့သည့် ၈ နှစ်က မိမိတို့ ပြည်သူရဲ့ ၁ ရာခိုင်နှုန်းအောက်သာ အင်တာနက် အသုံးပြုနိုင်ခဲ့ပြီး ဒီနေ့မှာတော့ မြန်မာနိုင်ငံဟာ SIM CARD သုံးစွဲမှု ၁၀၅ ရာခိုင်နှုန်းနဲ့ စမတ်ဖုန်း အသုံးပြုမှု ၈၀ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း မိုဘိုင်းအင်တာနက်ကွန်ရက် ကြီးထွားမှု အမြန်ဆုံး နိုင်ငံများထဲမှာ တနိုင်ငံ ဖြစ်လာပါတယ်။ မိမိတို့ရဲ့ 4G ကွန်ရက် Download မြန်နှုန်းဟာ ကမ္ဘာ့စာရင်းအချက်အလက်များရဲ့ ထိပ်တန်းတွင် ပါရှိပါတယ်။” 

ဒါ့အပြင် ဒီတိုးတက်မှု ဆက်လက်တည်မြဲဖို့ မိမိတို့အနေနဲ့ ၂၀၂၂ ပြည့်နှစ်အမီ ပြည်သူအားလုံး ခေတ်မီဆက်သွယ်ရေးစနစ်တွေကို အသုံးပြုနိုင်အောင် Universal Service Strategy ကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။ 

၃၅ ကြိမ်မြောက် အာဆီယံစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံကို မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်နေကြတာပါ။

ညီလာခံမှာ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးတွေ ဆွေးနွေးကြဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013