DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်က ကေအိုင်အေဌာနချုပ်အနီး တောင်ကုန်းများကို သိမ်းပိုက်
DVB
·
January 18, 2013
Donate to DVB

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာနဲ့ ၇ မိုင်အကွာက တောင်ကုန်းတချို့ကို အစိုးရတပ်များက တက်ရောက်နေရာယူနေပြီဖြစ်ကြောင်း ကျောင်းသား တပ်မတော် (အေဘီအက်စ်ဒီအက်ဖ်၊ မြောက်ပိုင်း) က ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာကို သိမ်းပိုက်ဖို့အတွက် အခုလက်ရှိ အစိုးရတပ်တွေက လဂျားယန်တောင်ကုန်းကို တက်ရောက်နေရာယူနေတာလို့ ကျောင်းသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မင်းဌေးက ပြောပါတယ်။

“လဂျားယန်နဲ့ လ၀ါယန်ရှိနေတဲ့ တောင်ကုန်းတွေ အကုန်လုံးကို တက်ထိုင်လိုက်ပြီဆိုရင် လိုင်ဇာက အောက်မှာ ရောက်သွားပြီ။”

အခုလက်ရှိ အစိုးရတပ်အင်အား အခြေအနေနဲ့ ပတ်သက်ပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော် လဆိုင်းက အခုလိုပြောပါတယ်။

“အင်အားက အရမ်းများတယ်။ မနေ့ကလည်း လေယာဉ်နဲ့ သူတို့ ထိုးစစ်ဆင်တယ်။ ကျနော်တို့ဆီကို လက်နက်ကြီးတွေနဲ့ ၈ နေရာကနေပစ်ပြီးမှ ထိုးစစ်ဆင်နေတယ်။ အခုထိ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။”

လက်ရှိ လိုင်ဇာအခြေအနေနဲ့ ပတ်သက်ပြီးလည်း ရဲဘော်မင်းဌေးက အခုလိုပြောပါတယ်။

“လိုင်ဇာက ဟိုတလောက လက်နက်ကြီးတွေ ပစ်ပြီးတဲ့နောက်ပိုင်း အရပ်သားတွေ အတော်များများက တိမ်းရှောင်သွားကြတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013