DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင်ဖမ်းဆီးခံရသည့်  မြန်မာလုပ်သား ၈၇ ဦးအား မြန်မာအာဏာပိုင်များထံ ပြန်လွှဲအပ် 
DVB
·
November 1, 2019
ထိုင်းတွင်ဖမ်းဆီးခံရသည့်  မြန်မာလုပ်သား ၈၇ ဦးအား မြန်မာအာဏာပိုင်များထံ ပြန်လွှဲအပ် 
1 / 4
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းချုပ်နှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ၈၇ ဦးကို ထိုင်းတာဝန်ရှိသူတွေက မြန်မာအစိုးရထံ အောက်တိုဘာ ၃၁ ရက် က  ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။ 

အဆိုပါ ၈၇ ဦးမှာ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း အစရှိတဲ့ဒေသစုံကဖြစ်ပြီး ထိုင်းမှာ တရားမဝင်နေထိုင်မှု၊ အထောက်အထားမပြည့်စုံမှုနဲ့ လူကုန်ကူးခံရသူတွေပါ ပါဝင်တယ်လို့ ကော့သောင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရင်းအမြစ်စင်တာ တာဝန်ခံ ဦးမိုးဝေက ဒီဗွီဘီကို ပြောပါတယ်။

“ သူတို့က မကွေးတိုင်းက မလေးရှားဘက်ကို သွားမလို့ လူကုန်ကူးခံရတာ၊ ကျန်တာက အလုပ်ရှင်မတူတာ၊ အထောက်အထား မပြည့်စုံတာတွေပါ။ အဖမ်းခံရတာက ကရဘီ၊ ဖန်းငါး၊ ဖူးကစ်၊ စူရတ်ဌာနီ အဲဒီမှာ အဖမ်းခံရသူတွေစုပြီး ရနောင်း လ၀ကကိုပို့တယ်။ ရနောင်းကနေ  မြန်မာဂိတ် ကော့သောင်းဘက်ကို ပြန်ပို့တယ်။”

ပြန်ပို့ခံရသူတွေကို တာဝန်ရှိသူတွေက ခရီးစရိတ် ၃ ပုံ ၁ ပုံ စိုက်ပေးပြီး သက်ဆိုင်ရာ ကားဆရာတွေကိုလည်း လျှော့ပေါ့ယူပေးဖို့ ညှိနှိုင်းပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ 

ထိုင်းမှာ လူကုန်ကူးခံရလို့ တရားရုံးမှာ ၃ လနဲ့အထက် အမှုရင်ဆိုင်ဖို့ သွားလာရတယ်ဆိုရင် ထိုင်းအစိုးရက ဂရုဏာကြေးအနေနဲ့ တဦးကို ဘတ် ၃၀၀၀ စီ ထုတ်ပေးလေ့ရှိပါတယ်။

ထိမ်းသိမ်းခံ မြန်မာအလုပ်သမားတွေဟာ  ရနောင်း ထိန်းသိမ်းရေးဂေဟာမှာ တာဝန်ရှိသူတွေရဲ့ ပြန်ပို့မယ့်ရက် စောင့်ဆိုင်းနေရပြီး အမြန်ပြန်ချင်ရင်တော့ ထိုင်းရဲကို ဘတ် ၁၀၀၀ ပေးကာ နားလည်မှုနဲ့ အရင်ပြန်လာရတယ်လို့ ဆိုပါတယ်။ 

ထိုင်းက ဖမ်းဆီးခံရသူတွေကို အလျဉ်းသင့်သလို ပြန်ပို့လေ့ရှိပြီး ခုလောလောဆယ် ရနောင်း၊ စူရတ်ဌာနီနဲ့ ဆုန်ခလာခရိုင်က လူကယ်ပြန်နဲ့ စင်တာတွေမှာ ဌာနေပြန်ရဖို့  စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား နောက်ထပ် ၁၄၃ ဦး ကျန်ရှိသေးကြောင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က အများဆုံးဖြစ်တယ်လို့ ဦးမိုး‌ဝေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013