DVB Logo
Home
မြန်မာသတင်း
ထာဝရနှောင်ကြိုးရုပ်ရှင် အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်ပြီး သတိပေး
DVB
·
November 1, 2019
ထာဝရနှောင်ကြိုးရုပ်ရှင် အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်ပြီး သတိပေး
Donate to DVB

       လက်ရှိရုံတင်ပြသနေတဲ့ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ထာဝရနှောင်ကြိုးရုပ်ရှင်ကားထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ အနုပညာ၊ အတတ်ပညာရှင်တွေရဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

       ဒီရုပ်ရှင်ကားကို ထုတ်လုပ်တဲ့ Central Base Productions က ဖေ့စ်ဘွတ်ခ်ပေါ်မှ တဆင့် ရေးသားဖော်ပြထားတဲ့ အချက် ၃ ချက်ပါ အဲဒီကြေငြာချက်ထဲမှာတော့ ထာဝရနှောင်ကြိုးရုပ်ရှင်ကို အားပေးကြတဲ့အတွက် ရုပ်ရှင်အဖွဲ့သားများ အားလုံးဝမ်းသာပီတိဖြစ်ရကြောင်း၊ ရုပ်ရှင်ထဲမှာ ထည့်သွင်း ပြုလုပ်ထားတဲ့ ပုံရိပ်တွေ၊ အသုံးဆောင်ပစ္စည်းတွေ၊ ဒီဇိုင်းတွေ (ဥပမာ။ လက်စွပ်၊ ထာဝရနှောင်ကြိုး စာလုံးဒီဇိုင်းပုံစံ)ဟာ Central Base Productions နဲ့အတူ သက်ဆိုင်ရာ အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ မူပိုင်တွေ (artist rights and intellectual properties) ဖြစ်တဲ့အတွက် အဲဒီမူပိုင်ပစ္စည်းတွေကို မူပိုင်ရှင်တွေရဲ့ ကြိုတင်ခွင့်ပြုထားချက်မပါပဲ စီးပွားဖြစ် သော်လည်းကောင်း၊ စီးပွားဖြစ် သဘောသက်ရောက်စေနိုင်တဲ့ တိုက်ရိုက် အသုံးပြုမှု၊ ဆင်တူ မှီငြမ်း အသုံးပြုမှုတွေဟာ မူပိုင်ခွင့်၊ ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး သတိပြုကြဖို့  ရေးသားဖော်ပြထားတာပါ။

လူငယ်အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက တတိယမြောက်ရုပ်ရှင်ကား အနေနဲ့ ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ မနေ့ကစတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်း ကိုတော့ ဇဏ်ခီက တာဝန်ယူထားတာဖြစ်ပါတယ်။

Mexico festival မှ Silver Palm award နဲ့ ISENMA မှ အမြင့်ဆုံး Platinum ဆုတွေအပါအဝင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ပြီး ထူးချွန်ဆုတွေ ရရှိထားခဲ့တဲ့ မုဒြာရဲ့ခေါ်သံ၊ ပြည်တွင်းမှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်တွေကြား ပွဲဆူစေခဲ့ပြီး ရုံပြည့်ရုံလျှံ အားပေး ခဲ့ကြတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားတွေကို ဖန်တီးခဲ့ပြီးတဲ့နောက် တတိ ယမြောက်ရုပ်ရှင်ကားက ဘယ်လိုထွက်ရှိလာမလဲဆိုတာကို ရုံမတင်ခင်ကတည်းက အားလုံးက စိတ်ဝင်စားနေခဲ့ကြတာပါ။

မီရုပ်ရှင်ကားနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီဆုရှင် ပိုင်ဖြိုးသုနဲ့ ခီမောင်နှံရဲ့ ပူးပေါင်းဖန်တီးမှုက ဘယ်လိုတွေ ဖြစ်လာလိမ့်မလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူဂျူးကေနဲ့ ကလေးသရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။

ရုံမတင်ခင် လက်မှတ်ဝယ်ယူအားပေးကြတဲ့ ပရိသတ် အခြေအနေနဲ့ပတ်သက်ပြီးလည်း ဒါရိုက်တာ ခရစ္စတီနားခီက “အဲလောက်ထိ ဖြစ်ကြမယ်မထင်ဘူး။ ဒါပေမယ့် သွားကြတယ်သိလား။ ၉ နာရီခွဲမှာ ရောင်းတာကို ၉ နာရီကတည်းက တန်းစီကြတယ်။ ဝယ် ကြတယ်။ အစ်မဆီကိုလည်း လက်မှတ်တွေ သူတို့ screen shot နဲ့ မက်ဆေ့တွေမှာ ပို့ကြတယ်။ gold club လိုနေရာမျိုးတောင် ချက်ချင်းကိုကုန်သွားတယ်လို့ ပြောတယ်ပေါ့ နော်။ အစ်မက နောက်တ screen ဖွင့်ပေးပါလို့တောင် တောင်းရမယ်ထင်တယ်၊ ဘာညာ အဲလိုပြောနေတယ်။ အရမ်းလည်းဝမ်းသာသွားတယ်။ အရမ်း ဝမ်းသာသွားတယ်ဆိုတာက အဲလောက်ကြီးတော့ဖြစ်မယ်မထင်ဘူး။ ကြည့်တော့ကြည့်မယ် အားပေးကြမယ်။ အရင် ပရိသတ်ကတော့ မျှော်နေတယ်ဆိုတာကိုသိတယ်။ ဒါပေမယ့် တပတ်တောင်လိုသေးတယ်။ ဒါကိုဒီလို လုပ်တယ်ဆိုတော့ စိတ်တော်တော်လေးတော့ပျော်တယ်။ ကျေနပ်တယ် ပေါ့နော်”လို့ ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013