DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် မြန်မာအမျိုးသမီး ၁ ဦး ခါးပိုက်နှိုက်မှုဖြင့် ဖမ်းဆီးခံရ 
DVB
·
November 1, 2019
မယ်ဆိုင်တွင် မြန်မာအမျိုးသမီး ၁ ဦး ခါးပိုက်နှိုက်မှုဖြင့် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့မှာ လူကြားထဲ ခါးပိုက်လိုက်နှိုက်နေတဲ့ မြန်မာအမျိုးသမီးတဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်တယ်လို့ 77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးရှိ မယ်ဆိုင်ဈေးထဲမှာ ဈေးရောင်းနေတဲ့ အမျိုးသမီးတဦးဟာ ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရလို့ သံသယရှိသူ အမျိုးသမီးရဲ့ပုံသဏ္ဍာန်ကို  မယ်ဆိုင်ရဲစခန်းမှာ သွားရောက် တိုင်ကြားထားပါတယ်။ 

ရဲစခန်းတာဝန်ရှိသူတွေက စီစီကင်မရာပြန်စစ်ဆေးကြည့်တဲ့အပြင် အဆိုပါအမျိုးသမီးကို ဝိုင်းဝန်းရှာဖွေဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထားတာကြောင့် ခါးပိုက်နှိုက်တဲ့ အမျိုးသမီးကို  နှစ်နိုင်ငံနယ်စပ်ဂိတ်အနီးမှာ ဖမ်းမိခဲ့တာပါ။

အဆိုပါ အမျိုးသမီးမှာ အသက် ၄၅ နှစ်ရွယ်ရှိ မတင်တင်ဆွေ ဆိုသူဖြစ်ပြီး တာချီလိတ်နဲ့ မယ်ဆိုင်ကို နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ အခေါက်ခေါက်အခါခါ သွားလာနေတာလို့  မယ်ဆိုင်ရဲက ပြောပါတယ် ။ 

သူဟာသားသမီးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ ငွေလိုတာကြောင့် ခါးပိုက်နှိုက်မိကြောင်း၊ ယခင်ကလည်း ကျူးလွန်ခဲ့ဖူးကြောင်း ဝန်ခံထားပါတယ်။ 

သူ့ရဲ့ခါးပိုက်နှိုက်ပုံကို ရဲက ပြန်ပြီးသရုပ်ပြခိုင်းရာမှာ ဈေးသူဈေးသားတွေက   အော်ဟစ်ဆဲဆို ရှုံ့ချကြပြီး ဝိုင်းဝန်းရန်ပြုမှာစိုးရိမ်တာကြောင့် ရဲကားနဲ့အမြန်ပြန်တင်လာပြီး မယ်ဆိုင်ရဲစခန်းမှာ ချုပ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား-77kaoded 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013