DVB Logo
Home
မြန်မာသတင်း
“ကိုယ့်အတွက်အိပ်မက်မင်းမက်လား”- မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အက်စတာဒေါ့သ်ချင်းဆုံ(ရုပ်သံ)
DVB
·
November 1, 2019
“ကိုယ့်အတွက်အိပ်မက်မင်းမက်လား”- မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အက်စတာဒေါ့သ်ချင်းဆုံ(ရုပ်သံ)
Donate to DVB

“အား... အာ... အကြည့်များဆုံနေလား… အား ရင်ခုန်စေတဲ့ညှို့ချက်မှာ… အပြန်အလှန် အကြည့်တို့ဆုံလာတုန်း… နေနိုင်လား ကိုယ့်အကြည့်လေးများ… ရှင့်လို နေနိုင်လွန်းတဲ့သူ တကယ်ဝေး… ဒီလိုပုံစံအမုန်းဆုံးပဲ… အိန္ဒြေများက ဟန်ဆောင်ခြင်းနဲ့… အမုန်းမီး စွဲသွားတာ ဘာကြောင့်လဲ”

ဒါကတော့ တေးရေးစိုးလင်းရေးစပ်ပြီး အမျိုးသမီးတေးသံရှင် ချောစုခင်သီဆိုခဲ့တဲ့ နာမည်ကြီးသီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

“ကိုယ့်အတွက် အိပ်မက်မင်းမက်လား”လို့ အမည်ရတဲ့ ဒီသီချင်းကိုတော့ ဒီတခါမှာ နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်ဒေါရဲ့ ပြိုင်ပွဲစင်မြင့်ပေါ်မှာ တကျော့ ပြန်ရှုစားကြရမှာပါ။

“အပေါ်ယံတွေ သွားပါဟေ့… ရင်မှာလေ ရှိတဲ့ဒီအတိုင်း… ဟန်ဆောင်တာ ဖယ်ပါ ဟေ့… ဟေ့ ဟေ့ ဟေ့ ဟေဟေရေ့... မင်းလေးမက်တဲ့ အိမ်မက်ထဲ… မင်းသမီးလေးဟာ ကိုယ်ပါပဲ… စွဲလမ်းခြင်းရဲ့ အဆုံးမဲ့ဒီခရီး… ကိုယ့်ရဲ့အသည်းမှာ စွဲထင်ပြီး… မင်းလေး မက်တဲ့ အိမ်မက်ခရီး… အနီးဆုံးပဲ ကိုယ်ရှိပြီး… ကိုယ့်အတွက်အိမ်မက်… မက်လိုက်ပေါ့ ဟေ့ ဟေ့… အိမ်မက် မက်ဦး”

ဒီသီချင်းနဲ့ မြန်မာအိုင်ဒေါရဲ့ Performance Show မှာ ယှဉ်ပြိုင်ခဲ့သူကတော့ ဆွဲဆောင်မှုရှိတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ ချင်းတိုင်းရင်းသူ အက်စတာဒေါ့သ်ချင်းဆုန်ဖြစ်ပါ တယ်။

Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရမယ့် ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ အက်စတာရဲ့ သီဆိုယှဉ်ပြိုင်မှုအပေါ် ပရိသတ်တွေရော ဒိုင်တွေကပါ နှစ်ခြိုက်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013