DVB Logo
Home
မြန်မာသတင်း

(၉) ကြိမ်မြောက်အောင်ဘာလေ ကျပ်သိန်း ၁၅၀၀၀  ဆု ယ-၈၁၇၄၀၂ ဆွတ်ခူးရရှိ 

DVB
·
November 1, 2019
(၉) ကြိမ်မြောက်အောင်ဘာလေ ကျပ်သိန်း ၁၅၀၀၀  ဆု ယ-၈၁၇၄၀၂ ဆွတ်ခူးရရှိ 
Donate to DVB

(၉) ကြိမ်မြောက်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ အမြင့်ဆုံး ဆုဖြစ်တဲ့ ကျပ်သိန်းတသောင်းခွဲဆုကို ပေါက်ဂဏန်း  ယ-၈၁၇၄၀၂ က ဆွတ်ခူးရရှိသွားပါတယ်။ 

နိုဝင်ဘာ ၁ ရက်မနက်က အောင်ဘာလေထီဆုဖွင့်ပွဲကို  ရန်ကုန်မြို့၊ ပန်းဆိုးတန်းရှိ အောင်ဘာလေသိန်းဆုဌာနခွဲမှာ ကျင်းပရာမှာ ပေါက်ဂဏန်းတွေကို ရွေးချယ်ကြေညာသွားတာ ဖြစ်ပါတယ်။

ကျပ်သိန်းတစ်သောင်းဆုကိုတော့  ဓ-၄၅၅၆၁၄၊ ကျပ်သိန်းငါးထောင်ဆုကို ဗ-၇၉၁၁၁၈ နဲ့  ဃ-၇၀၁၇၂၆တို့က ဆွတ်ခူးရရှိပြီး အဲဒီနောက် တခြားဆုမဲအသီးသီးကိုလည်း မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။

(၉)ကြိမ်မြောက်ကျပ် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ  (က) အက္ခရာမှ (အ) အက္ခရာအထိနဲ့ (ကက)အက္ခရာကနေ (ကဃ) အက္ခရာအထိအလုံးရေ ၃၇ လုံးဖြစ်ကာ ထီစာအုပ်စုစုပေါင်း ၃၀၂၇၂၆၆ အုပ်လုံးရောင်းချနိုင်ခဲ့တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက သိရပါတယ်။

ထီလက်မှတ်စာအုပ်တွေရောင်းရငွေမှာ ငွေကျပ်သန်းပေါင်း ၃၀၂၇၂ ကျော်ရရှိခဲ့ပြီး ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ်သန်းပေါင်း ၁၈၁၆၃ ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေ ချီးမြှင့်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013