DVB Logo
Home
မြန်မာသတင်း
ဆွာရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေဘေးသင့်သူများကို နေအိမ် ၁၇၅ လုံး ပေးအပ်
DVB
·
October 31, 2019
ဆွာရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေဘေးသင့်သူများကို နေအိမ် ၁၇၅ လုံး ပေးအပ်
1 / 7
Donate to DVB

ဆွာရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့ကြတဲ့ ပြည်သူတွေအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် တို့က နေအိမ် ၁၇၅ လုံး ပေးအပ်လိုက်ပါတယ်။ 

၂၀၁၈  သြဂုတ် ၂၉ ရက်က ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်တာကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာက အိမ်ထောင်စုတွေအတွက် အခုလို ပေးအပ်တာဖြစ်ပါတယ်။

အိမ်ပေးအပ်ပွဲကို တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက "နေအိမ်တွေ ပျက်စီးခဲ့ရတဲ့ ပြည်သူတွေကို အိမ် ၁၇၅ လုံး ပြန်လည်တည်ဆောက်ပေးဖို့အတွက် မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာလုပ်ငန်း အသင်းချုပ်အနေနဲ့ နေအိမ် ၁၆၂ လုံး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ၁၃ လုံး ဆောက်လုပ်လှူဒါန်းတဲ့ အတွက်ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ် " လို့ ပြောပါတယ်။

ဆွာရေလှောင်တမံကျိုးပေါက်တာကြောင့် ကျေးရွာ ၁၇ ရွာ၊ နေအိမ်ပေါင်း ၁၀၉၀၀ ကျော်နဲ့ လယ်ယာမြေဧက ၃၂၉၂၁ ဧက၊ တံတား ၂၀ ဆင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ ရထားလမ်းတွေလည်း ပျက်ဆီးခဲ့ပြီး ၆ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ 

ရေဘေးသင့်သူတွေအတွက် ကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး  ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက " ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖြစ် သဲဖုံးနေသော လယ်ယာမြေ ဧက ၄၅၈ ဒသမ ၃ ဧက ကိုဖော်ထုတ်ပေးခြင်း၊ သီး နှံထောက်ပံ့ပေးခြင်း၊ စပါးတစ်ဧက တစ်သောင်း ကျပ်နှုန်း၊ ကြံတစ်ဧက ငါးသောင်း ကျပ်နှုန်းထောက်ပံ့ပေးခြင်း၊ ဆွာချောင်းတံတားကြီးအပါအဝင် တံတား ၂ ဆင်း၊ လမ်း ၂၇ လမ်းနဲ့ နေအိမ်ပေါင်း ၁၇၅ လုံးတို့ကို ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး ဖြစ်ပါတယ်။" လို့ပြောပါတယ်။

ဒါအပြင် အိမ်ထောင်စု တစုကို စက်ဘီး တစီးစီနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေပါတဲ့ ပလတ်စတစ်ပုံးနဲ့  ငွေကျပ် ၃၀၀၀၀ စီကိုလည်း ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013