DVB Logo
Home
Lead Story
မြန်မာအိုင်ဒေါ Season 4 Top Finalists ၁၁ ဦးသီဆိုသည့် “ပျော်ပါစေသူငယ်ချင်း”(သီချင်းရုပ်သံ)
DVB
·
October 31, 2019
မြန်မာအိုင်ဒေါ Season 4 Top Finalists ၁၁ ဦးသီဆိုသည့် “ပျော်ပါစေသူငယ်ချင်း”(သီချင်းရုပ်သံ)
Donate to DVB

“အမှတ်မထင်တွေ့ဆုံကြ… ဘဝအချိန်ခဏလေးမှာ… ဒုက္ခမျိုးစုံပွေ့ပိုက်ထား… တနေ့ အဆင်ပြေသွားမှာ… လူတချို့တစ်လေကကွယ် မပြည့်ဝဘူး… မင်းမငြိုညင်နဲ့ကွာ… ဒီလောကကြီးကို ကြောက်မနေနဲ့… ပြီးရင်ပြန်သိမ်းပိုက်”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol ရဲ့ Theme Song တပုဒ်ထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကိုတော့ တေးသံရှင် ရဲလေးက ရေးဖွဲ့ပေးထားခဲ့တာဖြစ်ပြီး Myanmar Idol Season 2 မှာ စတင်ပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ခုတခါမှာတော့ Season 4 ရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ၁၁ ယောက်ရဲ့ ထူးခြား တဲ့ သီဆိုဟန်နဲ့အတူ ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က ကျင်းပခဲ့တဲ့ Green Mile အဆင့်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၂၂ ဦးက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီးမှ နောက်ဆုံးအဆင့် ၁၁ ဉီးထွက်ပေါ် လာခဲ့တာပါ။

သူတို့ကတော့ ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် အနုပညာ အရည်အသွေးပြ တဆင့်တက်လှမ်းလာခဲ့သူ အေးမြဖြူ၊ Audition အဆင့်မှာကတည်းက ပြိုင်ပွဲဝင်တွေထဲ နာမည်ကြီးတဲ့ တန်ခွန်ကျော်၊ ဆွဲဆောင်မှုရှိတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ ချင်းတိုင်းရင်းသူ အက်စတာဒေါ့သ်ချင်းဆုန်၊ လူငယ်ပရိသတ်တွေ အားပေး မှုအခိုင်အမာရရှိထားတဲ့ Benjamin Sum၊ အလန်းစားစတိုင်နဲ့ အသံပိုင်ရှင် စနေလင်းကျော်၊ အလှမယ်တယောက် အဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ လှုပ်ရှားနေရာက ဂီတလမ်းမပေါ် ဆက်လျှောက်လာခဲ့သူ ခြူးစစ်ဟန်၊  မြန်မာအိုင်ဒေါ Season 3 ပြိုင်ပွဲဝင်ဟောင်း တယောက်ဖြစ်တဲ့ နှင်းအိအိဝင်း၊ ဝါသနာကြောင့် မိသားစုနဲ့ ဆန့်ကျင်ပြိုင်ပွဲဝင်ခဲ့သူ စောခရစ်မူးလာ၊ NGO ဝန်ထမ်းတယောက်ဖြစ်ပြီး အသံအားကောင်းတဲ့ ယောကီး၊ သေသပ်တဲ့ သီဆိုဟန်နဲ့ ရန်ကုန်မြို့မှ ပြိုင်ပွဲဝင် ထက်အဉ္စလီ၊ အသံပါဝါအားကောင်းတဲ့ အမျိုးသမီး ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ နော်စေးစေးထူးတို့ပဲ ဖြစ်ပါတယ်။

“တို့တွေပျံသန်း… မိုးသားထက်အပေါ်ဝယ်… သီချင်းတွေ ဆိုညည်း အတူတူကွယ်... ဟေးရီး… ခရီးကြမ်းပါစေကွာ…. ဟေးရီး… ရှေ့ဆက်နေဦးမှာ အခက်အခဲတွေ… ကြုံလဲအားတင်းထားကွယ်… ဟေးရီး..မင်းပြုံးနေပါ… ပန်းတိုင်… မျှော်မှန်းကာ သွားစို့ဟေး… လိုက်ခဲ့တော့ သူငယ်ချင်း”

Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပါတယ်။

Season 4 အတွက် ပြိုင်ပွဲဝင်တွေရဲ့ အသံစစ်ဆေးမှုတွေကိုတော့ မြန်မာနိုင်ငံ မြို့ကြီး ငါးမြို့ဖြစ်တဲ့ တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဘားအံ၊ ရန်ကုန်မြို့တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က စတင်ပြုလုပ်ခဲ့တာပါ။

ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်မယ့်သူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန် ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။

ဒီသီချင်းကို Myanmar Idol ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“တနှစ်နဲ့ တနှစ်မတူညီပဲ ဖန်တီးထားတဲ့ Myanmar Idol Themes Song ကတော့ ဒီနှစ် Season 4 မှာဆိုရင်လည်း တမူထူးခြားတဲ့ ဂီတပုံစံလေးအဖြစ် ဖန်တီးထားပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဟန် ကိုယ်ပိုင် သီဆိုမှုရှိတဲ့ Top Finalists ၁၁ ဦးရဲ့ “ ပျော်ပါစေ သူငယ်ချင်း” သီဆိုမှုကို နားဆင်ခံစား အားပေးကြပါအုံး”

လတ်တလောမှာတော့ ဒီသီချင်းကို နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013