DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အီးစီးကရက်နှင့် ရှီရှားသုံးစွဲမှု ထိန်းချုပ်ရန်လိုအပ်နေ
DVB
·
October 31, 2019
မြန်မာနိုင်ငံတွင် အီးစီးကရက်နှင့် ရှီရှားသုံးစွဲမှု ထိန်းချုပ်ရန်လိုအပ်နေ
1 / 4
Donate to DVB

အီးစီးကရက်နဲ့ ရေပြောင်း(ရှီရှား)သုံးစွဲမှု ထိန်းချုပ်ရေးစည်းမျဉ်းဥပဒေတွေ ချမှတ်နိုင်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး အကြံပြုချက်တွေ တင်ပြထားသလို လက်ရှိအခြေအနေအရ ထိန်းချုပ်တဲ့လုပ်ငန်းတွေ ပိုမိုလိုအပ် လာနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အကြံပေး ပညာရှင် ဒေါက်တာအောင်ထွန်းက ပြောပါတယ်။

အီးစီးကရက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဖောင်းဒေးရှင်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း အသစ်ထွက်ပေါ်နေတဲ့ ဆေးရွက်ကြီးနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေကို ရှင်းလင်းတင်ပြတဲ့ ပွဲကို အောက်တိုဘာ ၃၀ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ပြု လုပ်ခဲ့တာပါ။

အကြံပေး ပညာရှင် ဒေါက်တာအောင်ထွန်းက "နိုင်ငံခြားမှာလည်း သိတဲ့အတိုင်းပဲလေ။ လက်ရှိမှာဖြစ်နေတာ အီးစီးကရက်ဆို ဘေးကင်းတယ် ဘာညာ ပြောနေကြတာလေ။ တကယ်တန်း ကျရင် အမေရိကန်လိုဟာမျိုးတောင် ပိတ်နေပြီဆိုတော့ ဘေးနားကနိုင်ငံတွေလည်း အကုန်လုံး ပိတ်နေပြီ၊ ကျနော်တို့ကလည်း နှောင့်နှေးလို့ မရဘူး၊ ဒါအမြန်ဆောင်ရွက်ရမယ်ဆိုတော့ ဒါကတော့ အချိန်မီလေးပေါ့ ဆောင်ရွက်တာပါ " လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ တနှစ်ကျော် နှစ်နှစ်လောက်ကမှ အီးစီးကရက်၀င်ရောက်လာတာ ဖြစ်တဲ့အတွက် ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထိန်းချုပ်ရေးဥပဒေထဲမှာ အီးစီးကရက်နဲ့ပတ်သက်တဲ့ စကားလုံး တိတိကျ ကျမပါသလို အီးစီးကရက်ဟာ အစားအသောက်၊ ဆေးဝါးလည်း မဟုတ်တဲ့အတွက် အစားအသောက်နဲ့ ဆေးဝါးဥပဒေထဲမှာလည်း မပါတာကြောင့် ဒီဥပဒေနှစ်ခုနဲ့ ညှိပြီး ဘယ်လိုထိန်းချုပ်မလည်းဆိုတာ စဉ်းစားစရာတွေ ရှိတယ်လို့ ပြည်သူ့ လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဒေါက်တာစံရွှေဝင်းက ပြောပါတယ်။

"ဘာလို့လည်းဆို အမေရိကန်နိုင်ငံမှာ လူ ၈၀၀ ကျော် ဆေးရုံတက်နေရတယ်၊ ၁၂ ယောက် သေတယ် စသဖြင့် တကမ္ဘာလုံးမှာ ဒါနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးထိခိုက်တယ်ဆိုတာ လက်ခံ လာတာဖြစ်တဲ့အတွက် ဒီမှာရှိတဲ့ ကျနော်တို့ရဲ့လူငယ်လူရွယ်တွေ အထူးသဖြင့်တော့ ဖက်ရှင် ဖြစ်တယ်ဆိုပြီး သောက်သုံးနေကြတာဖြစ်တဲ့အတွက် ဒါလေးတွေကို ကျနော်တို့က အသိပညာပေး လည်း လုပ်မယ်၊ ထိန်းချုပ်မှုကိုလည်း  ဘယ်လို လုပ်ရမလည်းဆိုတာကို ကျနော်တို့ စဉ်းစားဖို့ အတွက် ဒီအစည်းအဝေးကို လုပ်တာဖြစ်ပါတယ် " လို့ ဒေါက်တာစံရွှေဝင်းက ဆိုပါတယ်။

အီးစီးကရက် သောက်သုံးတာကြောင့်အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာသလို ဆေးလိပ်ဖြတ်ဖို့  အစားထိုး ပစ္စည်းတခုလည်းမဟုတ်ဘူးလို့ ပြောပါတယ်။

"ဒါမဟုတ်ပါဘူး။ ဆေးလိပ်ဖြတ်တဲ့စက်ဆိုပြီးတော့ ဆိုင်တွေမှာ ရေးထားတာတွေရှိတယ်။ ဒီဟာက ဆေးလိပ်ဖြတ်တဲ့ပစ္စည်းလည်း မဟုတ်ဘူး။ သူက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရင်းနဲ့ ဒါကိုလုပ်တယ်၊ လုပ်တဲ့အခါမှာ ဆေးလိပ်လည်း သောက်နေတယ်။ ဒါကလည်း Switch လုပ်တာ။ ဒါကလည်း ဟိုဘက်ဒီဘက် ပြောင်းပြီးတော့လုပ်နေတဲ့သဘောတွေဖြစ်တယ်။ သူ့ကို သောက်ခြင်း အားဖြင့် ဆေးလိပ်မပြတ်ပါဘူး။ သူက အငွေ့တမျိုးပေါ့၊  ဆေးလိပ်ကတော့ မီးခိုးငွေ့တမျိုးပေါ့၊ ဒါကြောင့်မို့လို့ ဆေးလိပ်ဖြတ်တဲ့ စက်ဆိုတာလည်း လုံးဝမှားနေတာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း တို့ ပူးပေါင်းပြီး ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး အားလုံး ပူးပေါင်းဆောင်ရွက်မှရမယ့် လုပ်ငန်းဖြစ်တယ်လို့လည်း  ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013