DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များကို ၂ နှစ်အတွင်း ပြန်ပို့နိုင်ရန် ထိုင်းအစိုးရ စီစဉ်မည်
DVB
·
January 17, 2013
မြန်မာဒုက္ခသည်များကို ၂ နှစ်အတွင်း ပြန်ပို့နိုင်ရန် ထိုင်းအစိုးရ စီစဉ်မည်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက မြန်မာဒုက္ခသည်တွေကို ၂ နှစ် အတွင်း မြန်မာပြည် ပြန်ပို့နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က မယ်လဒုက္ခသည်စခန်းမှာ ထိုင်းပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ လာရောက်ပြီး ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာပါ။

ထိုင်းပြည်ထဲရေးဝန်ကြီး နိုင်ကျာယုဖုန် ရေယန်ဆုဝမ်က “အလုပ်သမားတွေ သယ်ယူရွှေ့ပြောင်းရေးမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံအချင်းချင်းကြား စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး ကဏ္ဍတွေ လက်တွဲဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် လွတ်လပ်ပွင့်လင်းတဲ့ အနေအထားကို ပြောင်းလဲနေချိန်လည်း ဖြစ်တယ်။ အဲဒီတော့ ဒုက္ခသည်စခန်းနဲ့ ပတ်သက်လို့ စီစဉ်ဆောင်ရွက်တဲ့ ပုံစံနဲ့ နည်းနာတွေကို လာမယ့် ၂ နှစ်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေပါ လုပ်လာရမှာပါ”  လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုထဲမှာ မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်နဲ့ နိုင်ငံရေးဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အတွက် သူတို့တွေကို ပြန်ပို့ဖို့ စီစဉ်နေကြတာပါ။

ပြန်ပို့ရေးအစီအစဉ်ကို ကုလသမဂ္ဂရဲ့ စံချိန်စံညွှန်းအတိုင်း ဖြစ်အောင် ဆောင်ရွက်မယ် လို့ ပြောခဲ့ပြီး နေရပ်ပြန်မယ့် လူတွေအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို ပို့ချနိုင်အောင် စီစဉ်နေတယ်လို့ ကိုးဝါးလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအိုတခုက ပြောပါတယ်။

လက်တွေ့ဆောင်ရွက်တဲ့အခါ ထိုင်း၊ မြန်မာနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီး ဒုက္ခသည်တွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးတွေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရဦးမှာမို့ ထိုင်းပြည်ထဲရေးဝန်ကြီးပြောတဲ့ ၂ နှစ်ထက် အချိန်ပိုကြာနိုင်တယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013