DVB Logo
Home
မြန်မာသတင်း
“ပရိသတ်နဲ့ကိုယ်နဲ့ ထပ်တူကျလား မကျလား ၃၁ ရက်နေ့သိရမယ်” -ဒါရိုက်တာ ခရစ္စတီးနားခီ (ရုပ်သံ)   
DVB
·
October 30, 2019
“ပရိသတ်နဲ့ကိုယ်နဲ့ ထပ်တူကျလား မကျလား ၃၁ ရက်နေ့သိရမယ်” -ဒါရိုက်တာ ခရစ္စတီးနားခီ (ရုပ်သံ)   
Donate to DVB

ထာဝရနှောင်ကြိုး မြန်မာရုပ်ရှင်ကားဟာ  မြန်မာနိုင်ငံတဝန်း ရုပ်ရှင်ရုံတွေမှာ အောက်တိုဘာ ၃၁ ရက်နေ့ ရုံတင်ပြသတော့မှာဖြစ်ပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကျ၊ မကျ မနက်ဖြန်မှာ သိရမယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

         “အမှန်တိုင်းပြောရင် အစ်မက အနုပညာသမားတယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုအရင် မေးတယ်။ ကိုယ့်ကိုယ်ကိုရိုးသားစွာဝန်ခံလိုက်တယ်။ ငါကြိုက်တယ်။ ငါသာဆိုရင် ဒီလိုကားမျိုးကို ကြည့်သင့်တယ်။ အဲဒီအတွက် ဒီဟာကိုပဲ ပရိသတ်ကို ချပြမယ်ဆိုတဲ့ စိတ်နဲ့လုပ်တာပေါ့လေ။ ဒါပေမယ့်တခါတလေကျလို့ရှိရင် အနုပညာသမားက ကိုယ်ကြိုက်တာကိုယ်လုပ်လိုက်လို့ရှိရင် မရိသတ်က မကြိုက်သွားတာလည်းဖြစ်တတ်တယ်။ အဲဒီအခါ ကြုံလာဦးမှာပဲလို့ အစ်မသိတယ်။ ဒါက ပရိသတ်နဲ့ကိုယ်နဲ့ ထပ်တူကျလား မကျလားဆိုတာ ၃၁ ရက်နေ့ကျရင် စသိမှာပေါ့နော်။”

ဒီကားကိုတော့ Central Base Productions က စီစဉ်ပြီး အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြ တာဖြစ်ပြီး မင်းညို၊ ရဲနောင်ချို၊ ဂျူးဂျူးကေနဲ့ ကလေး သရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။

ရုံမတင်ခင် လက်မှတ်ဝယ်ယူအားပေးပြတဲ့ ပရိသတ် အခြေအနေနဲ့ပတ်သက်ပြီးလည်း ဒါရိုက်တာ ခရစ္စတီနားခီက “အဲလောက်ထိ ဖြစ်ကြမယ်မထင်ဘူး။ ဒါပေမယ့်သွားကြတယ်သိလား။ ၉ နာရီခွဲမှာ ရောင်းတာကို ၉ နာရီကတည်းက တန်းစီကြတယ်။ ဝယ်ကြတယ်။ အစ်မဆီကိုလည်း လက်မှတ်တွေ သူတို့ screen shot နဲ့ မက်ဆေ့တွေမှာပို့ကြတယ်။ gold club လိုနေရာမျိုးတောင် ချက်ချင်းကိုကုန်သွားတယ်လို့ ပြောတယ်ပေါ့နော်။ အစ်မက နောက်တ screen ဖွင့်ပေးပါလို့တောင် တောင်းရမယ်ထင်တယ်၊ ဘာညာအဲလိုပြောနေတယ်။ အရမ်းလည်းဝမ်းသာသွားတယ်။ အရမ်းဝမ်းသာသွားတယ်ဆိုတာက အဲလောက်ကြီးတော့ဖြစ်မယ်မထင်ဘူး။ ကြည့်တော့ကြည့်မယ် အားပေးကြမယ်။ အရင်ပရိသတ်က တော့ မျှော်နေတယ်ဆိုတာကိုသိတယ်။ ဒါပေမယ့် တပတ်တောင်လိုသေးတယ်။ ဒါကိုဒီလို လုပ်တယ်ဆိုတော့ စိတ်တော်တော်လေးတော့ပျော်တယ်။ ကျေနပ်တယ်ပေါ့နော်။”လို့ ပြောပါတယ်။ 

    ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသပွဲကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပြီး အဲဒီ အထူးပြပွဲကိုသွားရောက်ကြည့်ရှုခဲ့တဲ့ အနုပညာရှင်တွေနဲ့ ပညာရှင်တွေက ဒီကားကို ချီးကျူးထားကြပါတယ်။

ဒီလိုချီးမွမ်းခံရလို့ ပျော်ရွှင် ကျေနပ်ပေမယ့် မကြိုက်တဲ့သူတွေပေါ်လာဦးမှာ မို့ပြင်ဆင်ထား တယ်လို့လည်း ခရစ္စတီးနားခီက ပြောပါတယ်။

“တရှိုးပဲပြလိုက်တယ်။ ပြလိုက်တဲ့ဒီရုံထဲက အနုပညာရှင်တွေ၊ တခြားသူတွေ ကြိုက်ကြ တယ်ဆိုပေမယ့် မကြိုက်တဲ့သူဆိုတာလည်း ပေါ်လာဦးမှာပဲ။ အနုပညာသမားဆိုတာ ကြိုက်တဲ့ သူရဲ့နောက်ကိုပဲ အစ်မတို့လိုက်လို့မရဘူး။ အစ်မရဲ့အနုပညာက သူတပါးက ဒီလမ်းကြောင်းကို သွားပါ၊ ဒီဟာကိုရိုက်ပါ၊ ဒီလိုလေးဆိုရင်အားပေးမယ်၊ ဒီလိုလေးဆိုရင် ပိုက်ဆံရမယ်ဆိုတဲ့ လမ်းကြောင်းကို အစ်မလိုက်ဖို့မရှိဘူး။ အဲဒီအခါကျတော့ နောက်ကားတွေ သူတို့ ကြိုက်တာနဲ့ ထပ်တူကျချင်မှ ကျတော့မယ်ပေါ့နော်။ အခုပဲ အစ်မကြိုတင်ပြင်ဆင်ထားတာက ဒီလိုကားမျိုးကို  မကြိုက်ဘူး။ မခံစားနိုင်ပါဘူး။ ပြောသလောက်လည်းမဟုတ်ပါဘူးဆိုတဲ့ ပြောတဲ့လူလည်း ရှိလာမယ်ဆိုတာကိုလည်း ကြိုတင်ပြင်ဆင်ထားတယ်။ အများစုက ကြိုက်မယ်ဆိုရင် အစ်မတို့ အနုပညာသမားအတွက်က နောက်တကားအသက်ဆက်လို့ ရသွားတာပေါ့။ ”

ခရစ္စတီးနားခီဟာ နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ မုဒြာရဲ့ ခေါ်သံ၊ ပရိသတ်တွေကြား ပွဲဆူစေခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားတွေနဲ့  ပရိသတ်အားပေးလက်ခံ မှုရရှိထားပြီး အခု ထာဝရနှောင်ကြိုးဟာ သူရဲ့ တတိယမြောက်ရုပ်ရှင်ကား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013