
ကင်မရွန်းနိုင်ငံအနောက်ပိုင်းက ဘတ်ဖူဆမ်မြို့မှာ မြေပြိုပြီး ၄၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာ CRTV က ကြေညာပါတယ်။
အောက်တိုဘာ ၂၈ ရက်က မိုးတွေ သဲသဲမဲမဲ ရွာပြီးနောက် တောင်ကုန်းတခုမှာ မြေပြိုခဲ့တာကြောင့် နေအိမ် ၁၂ လုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။
လူတော်တော်များများ အိမ်ထဲမှာ ရှိနေတဲ့ ညပိုင်း ၁၀ နာရီလောက်မှာ မြေပြိုခဲ့တာပါ။ မနေ့ကအထိ မြေပြိုတဲ့နေရာမှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေတဲ့အခါမှာတော့ အလောင်း ၃၇ လောင်းကို တွေ့ရှိခဲ့ရပါတယ်။
ကင်မရွန်းအစိုးရက ဒေသခံတွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၄၀၀၀၀ နဲ့ ညီတဲ့ ကင်မရွန်းငွေ ၂၅ သန်း ပေးအပ်ခဲ့တယ်လို့ ဗဟိုအာဏာပိုင်နဲ့ ဒေသန္တရဖွံဖြိုးရေး ဝန်ကြီးက ပြောပါတယ်။











