DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအစိုးရ၏ ဗဟိုချုပ်ကိုင်မှု လျှော့ချရန် တောင်းဆို
DVB
·
January 16, 2013
ပြည်ထောင်စုအစိုးရ၏ ဗဟိုချုပ်ကိုင်မှု လျှော့ချရန် တောင်းဆို
Donate to DVB

နေပြည်တော်မှာ ဇန်န၀ါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကိုယ့်တိုင်းပြည်တွင်း ပြန်လည်ဝင်ရောက်ရေးကိစ္စ၊ လယ်ယာမြေသိမ်းဆည်းမှုကိစ္စ၊ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ကိစ္စ၊ တပ်မတော်က သိမ်းဆည်းထားတဲ့မြေတွေ ပြန်လည်ပေးအပ်ရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက ကိုယ်စားလှယ်တွေက အမျိုးသားစီမံကိန်း (၂၀၁၁-၁၂ မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထိ) မူကြမ်းနဲ့ စပ်လျဉ်းပြီး ဆွေးနွေးစဉ်မှာ ထည့်သွင်းဆွေးနွေးကြတာဖြစ်ပါတယ်။

[caption id="attachment_34174" align="alignright" width="258" caption="ဒေါက်တာ အေးမောင်"][/caption]

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ က အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ အေးမောင်က ဗဟိုချုပ်ကိုင်မှုလျှော့ချဖို့ အဆိုပြုတင်ပြပါတယ်။

“လက်ရှိအခြေအနေကို ပြန်ကြည့်တဲ့အခါမှာ စီမံကိန်းအားလုံးဟာ ကျနော်တို့ရဲ့ ဗဟိုချုပ်ကိုင်မှုအရ၊ ဗဟိုကချပေးတဲ့ စီမံကိန်းများသာလျှင် တွေ့ရပါတယ်။ ဒါကြောင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရေးဆွဲတဲ့ ဒေသဖွံ့ဖြိုးမှုကို ဦးတည်နိုင်တဲ့ စီမံကိန်းမျိုးကို အမျိုးသားစီမံကိန်း ရေးဆွဲရာမှာ ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ပြန်ရှာကြည့်တဲ့အခါမှာ ကိန်းဂဏန်းအားဖြင့်လည်းကောင်း၊ စီမံကိန်းအားဖြင့်လည်းကောင်း မတွေ့ရပါဘူး။ ဒါကြောင့် နောင်ရေးဆွဲမယ့် နှစ်အလိုက်စီမံကိန်းတွေမှာ တိုင်းဒေသကြီး ပြည်နယ်တွေကို အခြေခံတဲ့ ဥပမာ လျှပ်စစ်နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးရေး၊ မြို့ပြနဲ့ ကျေးလက် ဖွံ့ဖြိုးရေး၊ ဆိပ်ကမ်းဖွံ့ဖြိုးရေး စသဖြင့် ကျနော်တို့ရဲ့ စီမံကိန်းကြီးတွေကို အမျိုးသားစီမံကိန်းမှာ ထည့်သွင်းပေါင်းစပ်ပြီးခါမှာ ပြည်ထောင်စုကြီးဟာ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဗဟိုအစိုးရအဖွဲ့ဟာ ဘယ်လို ချိန်ဆပြီးကာမှ ချိတ်ဆက်ပြီးကာမှ ဒီအမျိုးသားစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်တယ်ဆိုတဲ့ အချက်အလက်တွေ ပြဖို့အချိန်သင့်ပြီလို့ တင်ပြချင်ပါတယ်။”

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးကလည်း တပ်မတော်က စီးပွားရေးလုပ်ငန်းမှာမပါဖို့ ထည့်သွင်းပြောဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက လယ်ယာလုပ်ငန်းခွင်မှာ စပါးအထွက်တိုးတဲ့နိုင်ငံတွေကို အတုယူပြီး သုတေသနလုပ်ငန်းချဲ့ထွင်ပညာပေးဖို့ တိုက်တွန်းပါတယ်။

“ဘယ်မြေကြီးဟာ ဘယ်ဓာတ်မြေဩဇာနဲ့ တည့်သလဲ။ ဥပမာ ယူရီးယားလား၊ ကွန်ပေါင်းလား ပညာရှင်တွေကနေ သုတေသနလုပ်ပေးမှလည်းပဲ လယ်သမားတွေက နားလည်ပြီး မြေကြီးကောင်းမှ အရည်အသွေးတွေလည်း ကောင်းမှာဖြစ်တယ်။ အခုလို မှန်းဆပြီးတော့မှ ထည့်နေတော့ အရည်အသွေးတွေလည်း ညံ့လာတာဖြစ်တယ်။ ဒါကို အလေးအနက်တင်ပြခြင်းဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အဆင့်မှာတောင် သုတေသနစင်တာတွေ မရှိတဲ့ သဘောတွေဟာ စီမံကိန်းမှာထည့်ဖို့လိုကြောင်း ပြောလိုပါတယ်။ လယ်သမားတွေဘ၀မြှင့်တင်ပေးမယ်ဆိုပြီးတော့ ပညာပေးရုံနဲ့ လက်ကမ်းစာစောင်တွေဝေရုံနဲ့တော့ မရပါဘူး။ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ကူညီထောက်ပံ့ပေးမှသာလျှင် အဆင်ပြေမယ်၊ အောင်မြင်မယ်လို့ ပြောချင်ပါတယ်။”

ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက စစ်အစိုးရလက်ထက် ဖြတ်လေးဖြတ်ကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ ပြန်လည်ဝင်ရောက်နိုင်ရေးကိစ္စကို တင်ပြဆွေးနွေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013