
အောက်တိုဘာ ၂၉ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၅၂၉ ဒသမ ၇ ကျပ်၊ ၁ ယူရိုငွေကို ၁၆၉၄ ဒသမ ၇ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၁၂၂ ဒသမ ၄ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၄၁၄ ဒသမ ၇ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၁၆ ဒသမ ၅၉ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၆၅ ဒသမ ၃၉ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၅၀ ဒသမ ၆၆ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁၂၁၉၀၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁၂၁၇၀၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၄၉၂ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)











