ကြည့်မြင်တိုင်စံပြငါးစျေးက အလုပ်သမားများဆန္ဒပြ (ဓာတ်ပုံ)
DVB
·
October 29, 2019

1 / 8
ရန်ကုန်၊ ကြည့်မြင်တိုင်စံပြငါးစျေးက ကုန်တင်ကုန်ချ ငါးတောင်းထမ်းလုပ်သားတွေဟာ အလုပ်မှထုတ်ခံရတဲ့ အလုပ်သမား ၆ ဦးကို အမြန်ဆုံးအလုပ်ပြန်ခန့်ပေးဖို့ ဒီကနေ့ မနက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြကြပါတယ်။
ဆန္ဒပြအလုပ်သမားတွေဟာ ရန်ကုန်မြို့လယ်ကနေ ပဲခူးကလပ် ကားမှတ်တိုင်အထိ ချီတက် လမ်းလျှောက်ခဲ့ကြသလို အလုပ်ထုတ်ခံရတဲ့ ငါးထောင်းထမ်းလုပ်သမား ၆ ဦးကလည်း ရန်ကုန်တိုင်းအစိုးရရုံး ရှေ့မှာ ထိုင်သပိတ်ပြုလုပ်တောင်းဆိုနေပါတယ်။
Photo - MarNaw / MPA










