DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ရွာငံတွင် ဘုရားဖူးကား ချောက်ထဲထိုးကျ အနည်းဆုံး ၁၅ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ 
DVB
·
October 29, 2019
ရှမ်းပြည်နယ် ရွာငံတွင် ဘုရားဖူးကား ချောက်ထဲထိုးကျ အနည်းဆုံး ၁၅ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ 
1 / 6
Donate to DVB

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်ထဲမှာ မနေ့ညက ဘုရားဖူးယာဉ်တစီး ပေပေါင်း၂၀၀၀ ကျော်ရှိတဲ့ချောက်ထဲကို ထိုးကျသွားတဲ့အတွက် ကလေးတွေအပါအဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသွားပါတယ်။ 

မြို့ကြီးနဲ့ ရွာငံကြား ယုန်တောင်ကျေးရွာနားမှာ  ကားမှောက်တဲ့အကြောင်း မနေ့ ည ၁၁ နာရီလောက်က သိရှိရပြီး သွားရောက်ကူညီခဲ့ကြောင်း၊  မော်တော်ကားမှာ တောင်ပေါ်ကနေ အနက်ပေပေါင်း ၂၀၀၀ လောက်ရှိတဲ့ ချောက်ထဲကိုထိုးကျသွားလို့ သေဆုံးဒဏ်ရာရသူတွေကို အပေါ်သို့ ခက်ခဲစွာ ဆွဲတင်ခေါ်ဆောင်နေရတယ်လို့ ကျောက်ဆည်မြို့ သုခဥယျာဉ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဖိုးချစ်က ဒီဗွီဘီကို ပြောပါတယ်။ 

“ယာဉ်တိမ်းမှောက်တာတော့ မနေ့ညနေ ၆ နာရီကျော်လောက်ကတည်းကဖြစ်ပြီး ကျနော်တို့ သိရတဲ့အချိန်က ည ၁၁ နာရီကျော်ပါပြီခင်ဗျ။ ကားက လိုက်ထရပ်အမျိုးအစားပါ၊  တောင်ပေါ်ကနေ ပေပေါင်း ၂၀၀၀ လောက်နက်တဲ့ ချောက်ထဲထိုးကျသွားတာ။ သေဆုံးဒဏ်ရာရသူတွေကို ပရဟိတ ကယ်ဆယ်ရေးအဖွဲ့တွေပေါင်းပြီး အမှောင်ထဲမှာ အတော်ခက်ခက်ခဲခဲကြိုးတွေနဲ့ အပေါ်ဆွဲတင် နေတာ ဒီမနက် ၁၁ နာရီလောက်ထိ စုစုပေါင်း အလောင်း ၁၅ လောင်း ဒဏ်ရာရသူ ၇ ဦးရှိပါတယ်။ ၈ နှစ်ရွယ် ယောကျ်ားလေး ၂ ယောက်ရယ်၊ ၅ နှစ်ရွယ် မိန်းကလေး ၁ ယောက်ရယ် ပွဲချင်းပြီး သေတယ်။ အခုဆက်ရှာနေတုန်းဘဲ။”

ယာဉ်မတော်တဆတိမ်းမှောက်ရတဲ့ အကြောင်းအရင်းကိုလည်း မသိရကြောင်း၊ ယာဉ်မောင်း ဖြစ်သူကတော့ ကားပေါ်ကခုန်ချသွားပြီး ရှာလို့မတွေ့သေးဘူးလို့ ဆိုပါတယ်။ 

အဆိုပါဘုရားဖူးယာဉ်ဟာ စစ်ကိုင်းတိုင်း ရွှေတောင်မြို့ ခွန်တောင်းကြီးရွာကဖြစ်ပြီး သံဃာတော် ၁ ပါးဦးဆောင်ကာ  ရှမ်းပြည်ကို ဘုရားဖူးလာရာ အပြန်ခရီးမှာ အခုလို မတော်တဆ ထိခိုက်မှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013