DVB Logo
Home
သတင်းတို
ဆက်သွယ်ရေးလုပ်ငန်း ပြည်ပကုမ္ပဏီတွေကို ပထမဆုံးအကြိမ် မြန်မာလုပ်ကိုင်ခွင့်ပြု
DVB
·
January 16, 2013
Donate to DVB

မြန်မာနိုင်ငံတ၀န်းမှာ လုပ်ဆောင်မယ့်  ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အသစ် ၂ ခု ချပေးဖို့ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီတွေကို မြန်မာအစိုးရက  နိုင်ငံပိုင် သတင်းစာတွေကနေတဆင့် တင်ဒါ ခေါ်ယူလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအကြား တယ်လီဖုန်းသုံးစွဲမှုကို လာမယ့် ၂၀၁၅-၁၆ ခုနှစ်မှာ  ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့နဲ့ ပြည်သူအများ သက်သာတဲ့ဈေးနှုန်းနဲ့ စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ တင်ဒါဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းကတော့  “မြန်မာ ဆက်သွယ်ရေးနဲ့ ပြိုင်ဖို့အတွက် ခုလို ပြည်တွင်းနဲ့ ပြည်ပက ဆက်သွယ်ရေး လုပ်ငန်း ဆောက်ရွက်လိုတဲ့  အော်ပရေတာ ၂ ခု ကို တင်ဒါ ခေါ်ရတာဖြစ်တယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။

အခု ခေါ်ယူထားတဲ့ ဆက်သွယ်ရေးအော်ပရေတာ ၂ ခု အပါအ၀င် ၂၀၁၃ ခုနှစ်အတွင်း တယ်လီဖုန်း ၁၀ သန်းလောက် ထပ်တိုးဖို့ မျှော်မှန်းထားတယ်လို့လဲ သူကဆိုပါတယ်။

ဒါဟာ မြန်မာအစိုးရအနေနဲ့ ပြည်တွင်း တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီတွေကို ပထမဆုံး ၀င်ရောက်လုပ်ကိုင်ခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

Financial Times သတင်းစာမှာတော့ ရုရှားနိုင်ငံက VimpelCom၊၊ နော်ဝေကTelenor၊ ဗီယက်နမ်က VNPT-Fujitsu နဲ့ မလေးရှားနိုင်ငံက Axiata ကုမ္ပဏီ တွေက မြန်မာတယ်လီဖုန်း ဆက်သွယ်ရေးဈေးကွက်ထဲ ၀င်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013