DVB Logo
Home
မြန်မာသတင်း
အေအေ ဖမ်းဆီးသွားသူများအနက်  ၁၄ ဦးကို ပြန်ကယ်တင်၊ စစ်ရဟတ်ယာဉ်မှူး ၁ ဦး ဒဏ်ရာရ
DVB
·
October 28, 2019
အေအေ ဖမ်းဆီးသွားသူများအနက်  ၁၄ ဦးကို ပြန်ကယ်တင်၊ စစ်ရဟတ်ယာဉ်မှူး ၁ ဦး ဒဏ်ရာရ
Donate to DVB

ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသူတွေထဲက ၁၄ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး သွားရောက်ကယ်တင်တဲ့ တပ်မတော်စစ်ရဟတ်ယာဉ်မှူး ၁ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ  စစ်တွေကနေ ဘူးသီးတောင်ကို သွားတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် ၂၁၀ ထဲကနေ တပ်မတော်သား ၁၄ ယောက်၊ ရဲ ၂၉ ယောက်၊ အကျဉ်းဦးစီးဝန်ထမ်း ၂ ယောက်နဲ့ အရပ်သား ၁၃ ယောက် စုစုပါင်း  ၅၈ ယောက်ကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကို   တပ်မတော်က စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး အမြန်ဆုံး လိုက်လံရှာဖွေကယ်တင်ရာမှာ အောက်တိုဘာ ၂၇ ရက်ည အထိ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

လွတ်မြောက်လာသူများထဲတွင် အရပ်သား ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ GE တပ်ဖွဲ့ဝင် ၁ ဦး၊ တပ်မတော်သား ၃ ဦး ပါဝင်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်နေပေမယ့် တပ်မတော် သတင်းမှာတော့ ပြန်လွတ်လာသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြခြင်း မရှိပါဘူး။

အေအေအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တပ်မတော် ပို့ဆောင်ရေး ရဟတ်ယာဉ်ကို ကျည်တချို့ ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်မှူး ၁ ဦးမှာ မစိုးရိမ်ရဒဏ်ရာ အနည်းငယ်ရရှိခဲ့သလို တိုက်ခိုက်ရေး ရဟတ်ယာဉ်လည်း  ကျည်ဆန်ထိမှန်ခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အေအေက ဖမ်းဆီးခေါ်သွားစဉ် တပ်မတော်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီးခံထားရသူတွေ အပါအဝင် အေအေတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးသွားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ဘက်ကလည်း သတင်းထုတ်ပြန်ပါတယ်။ 

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးတဝိုက်မှာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီး လာရောက်ဗုံးကြဲတိုက်ခဲ့ပြီးနောက် ကျေးရွာသားတွေပျောက်နေတာတွေရှိသလို ကျွဲ၊ နွားအကောင် ၄၀ နီးပါးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ကျောက်ရံကျေးရွာ၊ ကျောက်တန်းကျေးရွာနဲ့ ရေဘုတ်ကျေးရွာက ကျေးရွာသား ၁၅ ယောက်ကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဖမ်းဆီးခံကျေးရွာသားတွေက ပြောပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013