DVB Logo
Home
မြန်မာသတင်း
နှစ်ပေါင်း ၈၀ ကျော်က မြန်မာ့ပထမဆုံးရုပ်ရှင်ကား ဖလင်စနစ်မှ ဒစ်ဂျစ်တယ်သို့ ပြောင်းလဲ
DVB
·
October 27, 2019
နှစ်ပေါင်း ၈၀ ကျော်က မြန်မာ့ပထမဆုံးရုပ်ရှင်ကား ဖလင်စနစ်မှ ဒစ်ဂျစ်တယ်သို့ ပြောင်းလဲ
1 / 4
Donate to DVB

နိုင်ငံခြားမှာ ရိုက်ကူးခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က မြန်မာ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကို ဖလင်စနစ်ကနေ ဒစ်ဂျစ်တယ်စနစ်ကို ဂျပန်နိုင်ငံက ပြုပြင်ပြောင်းလဲပေးခဲ့တယ်လို့ အစိုးရ သတင်းစဉ်က ဖော်ပြပါတယ်။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နဲ့အဖွဲ့ဟာ မနေ့ မနက်ပိုင်းက ဂျပန်နိုင်ငံယဉ်ကျေးမှုရေးရာဌာနမှာ ယဉ်ကျေးမှုရေးရာကော်မရှင်နာနဲ့ တွေ့ဆုံပြီး မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်နေတာတွေနဲ့ လိုအပ်တဲ့ အကူအညီတွေအကြောင်းကို ဆွေးနွေးခဲ့တဲ့ သတင်းမှာ ဖော်ပြထားတာပါ။









“ဂျပန့်ရင်သွေး” ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကို ၁၉၃၄ ခုနှစ်က ဒါရိုက်တာ ဦးညီပုနဲ့ ဦးမောင်မောင်စိုးတို့ ဂျပန်နိုင်ငံမှာ ရုပ်ရှင်ပညာသင်ယူနေတုန်း ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။



ဇာတ်ကားရဲ့ ဂျပန်အမည်က “နိပွန်မူဆူမီ” (Japanese Daughter) ဖြစ်ပြီး တိုကျိုမြို့မှာ မြန်မာအဆွေ-အေဝမ်း ဖလင်ကုမ္ပဏီနဲ့ ဂျပန်နိုင်ငံမှ ပီစီအယ်လ်ကုမ္ပဏီတို့ ပူးပေါင်း ရိုက်ကူးခဲ့ကြတာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ဂျပန်ရောက် မြန်မာလေယာဉ်မောင်းလူငယ်နဲ့ ဂျပန် အမျိုးသမီးငယ်တို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး ဂျပန်နိုင်ငံနဲ့ ပြည်ပမှာ ပထမဆုံး ရိုက်ကူးခဲ့တဲ့ မြန်မာ့ ရုပ်ရှင်ဇာတ်ကားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားကို ၁၉၃၅ ခုနှစ်က ရန်ကုန်မြို့ အိုလံပီယာနှင့် ဘုရင့်ရုပ်ရှင်ရုံတို့မှာ ပြသခဲ့သလို ဂျပန်နဲ့ ထိုင်းနိုင်ငံတို့မှာလည်း အချိန်ကိုက် ပြသခဲ့ပါတယ်။

ပြီးတော့ ၁၉၉၂ ခုနှစ် ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင် အာရှ ရုပ်ရှင်ပွဲတော်မှာ ပြန်လည် ပြသခဲ့ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို လွှဲပြောင်းပေးမှာဖြစ်လို့ မြန်မာ့ရုပ်ရှင် ရာပြည့် အထိမ်းအမှတ် အခမ်းအနားမှာလည်း ပြသမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Save Myanmar Film

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013