DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးဧရိယာအားလုံး အောင်ရေ ပြည့်ပြည့်စုံစုံပေးမည်
DVB
·
October 27, 2019
စစ်ကိုင်းတိုင်း သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးဧရိယာအားလုံး အောင်ရေ ပြည့်ပြည့်စုံစုံပေးမည်
Donate to DVB

စစ်ကိုင်းတိုင်း သဖန်းဆိပ်ရေလှောင်တမံကနေ မိုးစပါးစိုက်ပျိုးထားတဲ့ ဧရိယာအားလုံး အောင်ရေ ပြည့်ပြည့်စုံစုံပေးနိုင်မယ့်အပြင် ရွှေဘိုမြို့လူထုသုံးရေအတွက် မဟာနန္ဒာကန် ရေဖြည့်သွင်းတာကို ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ လုံလောက်အောင် ပေးဝေသွားနိုင်မယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန သတင်းတွေအရ သဖန်းဆိပ်ရေလှောင်တမံဟာ အောက်တိုဘာ ၂၅ ရက်မှာ ဆည်ရေသိုလှောင်ပမာဏ ၆၃၇,၁၂၅ ဧကပေ သိုလှောင်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မိုးစပါးစိုက်ပျိုးထားတဲ့ ဧရိယာအားလုံး ပြည့်ပြည့်စုံစုံ ပေးနိုင်မယ့်အပြင် ဒေသတွင်း သောက်သုံးရေကန်တွေ ရေဖြည့်သွင်းပေးတာနဲ့ ရွှေဘိုမြို့ လူထုသုံးရေအတွက် မဟာနန္ဒာကန် ရေဖြည့်သွင်းတာကို ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ လုံလောက်အောင် ပေးဝေသွားနိုင်မယ်လို့ စစ်ကိုင်းတိုင်း၊ ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေးဌာန ပြန်ကြားရေးဌာနစိတ်က ထုတ်ပြန်ထားတာပါ။

စစ်ကိုင်းတိုင်းထဲက စိုက်ပျိုးရေအတွက် အဓိကအားထားရတဲ့ သဖန်းဆိပ်ရေလှောင်တမံမှာ အခုနှစ် မိုးနည်းခဲ့တာကြောင့် မိုးစပါး စိုက်ပျိုးရေစတင်ပေးဝေချိန်ကနေစပြီး ဆည်ရေကို အနည်းဆုံးနဲ့ အထိရောက်ဆုံး ပေးဝေနိုင်ဖို့ အထူးခြိုးခြံချွေတာပြီး ဆည်ရေသောက် ဧရိယာတခုလုံး ရေလှည့်စနစ် ကျင့်သုံးပြီးပေးမယ်လို့လည်း ဆိုပါတယ်။

မိုးနည်းလို့ ရေဝင်နည်းပေမယ့် သဖန်းဆိပ်ရေလှောင်တမံ ရေပေးမြောင်းမကြီး ၄ မြောင်းရဲ့ ဆည်ရေသောက်မြို့နယ်တွေ ဖြစ်တဲ့ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်မြို့နယ်တို့မှာ အခုနှစ် မိုးစပါး ၄၈၁,၅၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အခု အောင်ရေကို လိုအပ်သလို ထိန်းညှိလွှတ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013