DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ ရေနံနှင့် သဘာဝပိုက်လိုင်းစီမံကိန်းက Open Air တရုတ်ရုပ်ရှင်ပွဲတော် ကျင်းပ
DVB
·
October 27, 2019
တရုတ်-မြန်မာ ရေနံနှင့် သဘာဝပိုက်လိုင်းစီမံကိန်းက Open Air တရုတ်ရုပ်ရှင်ပွဲတော် ကျင်းပ
1 / 2
Donate to DVB

တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ပိုက်လိုင်းစီမံကိန်း (SEAOP-SEAGP) ရဲ့ အစီအစဉ်နဲ့ Open Air တရုတ်ရုပ်ရှင်ပွဲတော်တွေကို မြန်မာနိုင်ငံအတွင်း ဒေသအချို့မှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စီမံကိန်းတာဝန်ခံ (ရန်ကုန်ရုံး) ကိုမိုးတိမ်က “မြန်မာနိုင်ငံမှာ ဓလေ့ထုံးစံ ရှိပါတယ်။ ဗလာပွဲပေါ့၊ ဗလာပွဲဆို အရင်တုန်းက ရုပ်သေးတို့ ပြဇာတ်တို့ အငြိမ့်တို့ ရှိပါတယ်။ သူက လူမြင်ကွင်းနေရာမှာလည်း ပြဇာတ်ကို ပျော်ပျော်ပါးပါး ကျင်းပတယ်။ အခုခေတ် လူနေမှုဘဝရဲ့ အနေအထားလည်း နည်းနည်းတော့ ပြောင်းလာပြီဖြစ်တယ်။ ခုခေတ်ဆိုရင် ရုပ်ရှင်ကြည့်တာလည်း များလာတယ်။ ဒါဆိုရင် ကျနော်တို့က ပိုက်လိုင်းတလျှောက်မှာရှိတဲ့ ဒေသမှာဆိုရင် ပြည်သူတွေ ဖျော်ဖြေဖို့ အတွက်ပေါ့လေ၊ entertainment ဒီ ရုပ်ရှင်ပွဲတော် လာပြတာပါ” လို့ ပြောပါတယ်။



မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း လည်ပတ်စေရေးကို ကိုင်တွယ် ဆောင်ရွက်တဲ့ SEAGP/SEAOP ကုမ္ပဏီတို့မှာ တရုတ်နိုင်ငံက အစုရှယ်ယာရှင်ဖြစ်တဲ့ CNPC ကုမ္ပဏီက ဦးဆောင်ကျင်းပပေးတာလို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုတဲ့ ဒေသတွေမှာ ပြသသွားမှာ ဖြစ်ပြီး ပိုက်လိုင်း ဖြတ်သန်းရာ ဒေသ‌တွေကို ဦးစားပေး ပြသမယ်လို့ သိရပါတယ်။

အခုလအတွင်း ရေနံချောင်းနဲ့ တောင်သာမြို့မှာ ပြသခဲ့ပြီး ‌အောက်တိုဘာလ ၂၅ ရက်နေ့က ကျောက်ဆည်မြို့မှာ တတိယအကြိမ် ပြသခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သီပေါမြို့မှာလည်း ရုပ်ရှင်ပွဲတော် ဆက်လက်ပြုလုပ်မယ်လို့ သိရပါတယ်။ အခုလို ရုပ်ရှင်ပွဲ‌တော်ကို ၂၀၁၉ ခုနှစ် မေလက ပထမအကြိမ် ပြုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ပြသမယ့် ရုပ်ရှင်ဇာတ်ကား သုံးကားကတော့ မှော်ပဉ္စလက်၊ မင်္ဂလာပါ ဘီလျံနာနဲ့ အမျိုးသမီး ဘောလုံး ရုပ်ရှင်ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013