DVB Logo
Home
မြန်မာသတင်း
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး အငြိမ်းစားယူ
DVB
·
October 26, 2019
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး အငြိမ်းစားယူ
Donate to DVB

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ် စိုးနိုင်ဦးဟာ တပ်မတော်ကနေ အငြိမ်းစားယူသွားပြီလို့ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒီနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာ လုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေ မေးတာကို ဖြေကြားခဲ့တာပါ။

“၂၀၁၆ ခုနှစ်မှာ ထုတ်ခဲ့တဲ့ စစ်မှုထမ်းစည်းမျဉ်းရှိတယ်။ အဆင့်လိုက် စစ်မှုထမ်းသက်တွေ သတ်မှတ်ထားတာရှိတယ်။ ဥပမာဆိုရင် ဗိုလ်ချုပ်အဆင့်ဆို ၆ နှစ်ပေါ့။ ဗိုလ်ချုပ်တာဝန်နဲ့ ၆ နှစ် တာဝန်ထမ်းဆောင်ပြီးရင် အငြိမ်းစားယူရတာရှိတယ်။ ဒါကြောင့်မို့လို့ အငြိမ်းစားယူခြင်းပဲ ဖြစ်တယ်” လို့ ပြောပါတယ်။ 

ဒါပေမယ့် တပ်မတော်ရဲ့ အရန်အင်အားအဖြစ် ဆက်ရှိနေတယ်လို့လည်း ပြောပါတယ်။

“ဒါကြောင့်မို့လို့ သတင်းမှန်ပြန်ကြားရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်။ ဒါ့အပြင် ဟိုဘက်မှာရှိတဲ့ UPDJC မှာ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။"

ဗိုလ်ချုပ် စိုးနိုင်ဦးကတော့ သူဟာ  မူလတာဝန်ဖြစ်တဲ့ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်တာဝန်ကနေ အနားယူပြီး တပ်မတော်ရဲ့ညွှန်ကြားချက်နဲ့ သီးခြားတာဝန်ကို ထမ်းဆောင်နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013