DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်တပ်က ပစ်ခတ်သဖြင့် စစ်ရှောင် ၁ ဦး သေဆုံးပြီး ၂ ဦး ဖမ်းဆီးခံရ
DVB
·
June 23, 2026
စစ်အာဏာရှင်သားအချို့ (ပုံဟောင်း)။ Photo: KKL
စစ်အာဏာရှင်သားအချို့ (ပုံဟောင်း)။ Photo: KKL
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က ပစ်ခတ်တာကြောင့် စစ်ရှောင်တယောက် သေဆုံးခဲ့ပြီး ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့တဲ့ လေးမျက်နှာမြို့နယ်၊ လယ်ငယ်တံကျေးရွာထဲကို ဇွန် ၂၂ ရက်က စစ်ကြောင်းနဲ့ဝင်လာတဲ့ စစ်အာဏာရှင်တပ်က စစ်ဘေးရှောင်တွေကို တော်လှန်ရေးတပ်သားတွေလို့ စွပ်စွဲကာ လိုက်လံပစ်ခတ်ဖမ်းဆီးတာကြောင့် တယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “အရပ်သားတွေကို တော်လှန်ရေးအဖွဲ့တွေဆိုပြီး လိုက်ဖမ်းတာ။ တော်လှန်ရေးတပ်တပ်သားဆို ပြန်ပစ်မှာပေါ့။ ကြောက်လို့ ထွက်ပြေးတာ၊ ထွက်ပြေးရမလားဆိုပြီး ပစ်တာ။ ပစ်ခံရလို့ တယောက်က ပွဲချင်းပြီးပဲ” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ အသက် ၃၀ ကျော်အရွယ် ကိုဖိုးပြည့်နဲ့ အဖမ်းခံရသူ ၂ ယောက်ဟာ စစ်ဘေးရှောင်တွေဖြစ်ပြီး တော်လှန်ရေးတပ်သားတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတယောက်က “ရခိုင်စစ်ရှောင်တွေဆိုတာ သေချာပါတယ်။ ပစ်ခတ်ခံရသူနဲ့ အဖမ်းခံရသူတွေ အားလုံးက လယ်ငယ်တံရွာဘက်မှာပဲ နေတာ။ မိသားစုတွေရှိလို့လေ” လို့ ပြောပါတယ်။

ပစ်သတ်ခံရသူရဲ့ ရုပ်အလောင်းကို စစ်အာဏာရှင်တပ်သားတွေက သယ်ယူသွားပြီး ဖမ်းဆီးခံရသူ ၂ ယောက်ကိုလည်း စစ်အာဏာရှင်တပ်က ဘယ်ဖမ်းခေါ်သွားတယ်ဆိုတာ စုံစမ်းမရဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။

လယ်ငယ်တံကျေးရွာဟာ လေးမျက်နှာမြို့နယ်ထဲက ၂၀၂၅ ခုနှစ်ထဲ တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာဖြစ်ပြီး တိုက်ပွဲ အလွန်ပြင်းထန်ခဲ့တဲ့ ပန်းတောကြီးကျေးရွာနဲ့ ရွာချင်းဆက်ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက ပန်းတော်ကြီးနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ ရှိပေမဲ့ ရွာထဲ တပ်စွဲမထားတာကြောင့် စစ်အာဏာရှင်တပ်က ဇွန်လ ဒုတိယအပတ်က စတင်ပြီး ပန်းတော်ကြီးနဲ့ ပတ်ဝန်းကျင်ရွာတွေကို ခြေလျင်ဝင်ရောက်ကာ ရွာထဲမှာ တပ်စွဲနေသလို လေကြောင်းနဲ့ပါ ပစ်ခတ် ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013