DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်မြို့တွင် ကျပ်သိန်းပေါင်း ၅ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 26, 2019
ပြင်ဦးလွင်မြို့တွင် ကျပ်သိန်းပေါင်း ၅ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

မန္တလေးတိုင်း ပြင်ဦးလွင်မြို့၊ Mobile X-Ray စစ်ဆေးရေး ဂိတ်အနီးမှာ ငွေကျပ်သိန်းပေါင်း ၅ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပြင်ဦးလွင်မြို့၊ Mobile X-Ray စစ်ဆေးရေးဂိတ် ရှောင်ကွင်းလမ်းဖြစ်တဲ့ သပြေကျေးရွာအနီး သတင်းအရ စောင့်ဆိုင်းနေစဉ် အောက်တို‌ဘာ ၂၃ ရက် ည ၁၁ နာရီ လောက်က ကျော်လင်းအောင် မောင်းနှင်ပြီး ချစ်ကိုလိုက်ပါ စီးနင်းလာတဲ့ Nissan Diesel ခြောက်ဘီးယာဉ် အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာက စိတ်ကြွဆေးပြားတွေ နဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းမိခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ယာဉ်ပေါ်မှာ WY စာတန်းနဲ့ Rစာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၅၇ဝဝဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၅ဝဝဝဝ ကျော်ခန့်)၊ ICE ၆၅ဝ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၅ သိန်းခန့်) တို့ကို ဖမ်းဆီးမိခဲ့ပါတယ်။

အဆိုပါငွေကျပ် သိန်းပေါင်း ၅ဝဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ၊ မော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးရမိသူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေး  လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013