DVB Logo
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေး ကော်မတီ တိုင်စာ ၃၀၀၀ ကျော် လက်ခံရရှိ
DVB
·
January 16, 2013
တရားဥပဒေစိုးမိုးရေး ကော်မတီ တိုင်စာ ၃၀၀၀ ကျော် လက်ခံရရှိ
Donate to DVB

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဟာ  နိုင်ငံတ၀န်း ပြည်သူတွေထံကနေ တိုင်ကြားစာ ၃ ထောင်ကျော် လက်ခံရရှိထားပြီး လယ်ယာမြေတွေ အသိမ်းခံရတာ မကျေနပ်လို့ တိုင်ကြတာ များတယ်လို့ ကော်မတီက ထုတ်ဖော်ပြောဆိုပါတယ်။

ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က “အများဆုံးအမှုက လယ်ယာ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်မှု များတယ်။ ငြိမ်းချမ်းရေးကိစ္စတွေက ပါတယ်၊ နည်းတယ်။ နောက် ကာကွယ်ရေးကိစ္စတွေလည်း ပါတယ်။ လာတာကတော့ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးရဲ့ ကိစ္စတွေလာတာပဲ” လို့ ပြောပါတယ်။

[caption id="attachment_35359" align="alignleft" width="150" caption="၂၀၁၂ ဩဂုတ်လ ၃၀ ရက်နေ့က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ တတိယအကြိမ် အစည်းအဝေး ပြုလုပ်နေစဉ်"][/caption]

အဲဒီတိုင်စာတွေအနက် အစောင် ၂ ထောင်ကျော်ကို ကော်မတီက စိစစ်ပြီးစီးတာကြောင့် ဆက်လက် အရေးယူဆောင်ရွက်နိုင်အောင် ပတ်သက်ဆက်နွယ်တဲ့ ဌာနတွေထံ ပေးပို့လိုက်ပြီလို့လည်း သူက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဩဂုတ် ၇ ရက်က စတင်ဖွဲ့စည်းစဉ်ကတည်းက ၄ လတာကာလအတွင်း  တိုင်ကြားစာတွေဖြစ်ပြီး ဒုတိယမြောက် တိုင်စာအများဆုံးက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ မကျေနပ်မှုတွေ ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ဆက်စပ်လို့ တိုင်ကြားစာက ၁၀ စောင် ခန့်သာရှိတယ်လို့ ပြောပါတယ်။

ဘယ်လိုအရေးယူဆောင်ရွက်မလဲ အချိန်ဇယားတိတိကျကျ သတ်မှတ်ချက် ရှိ၊ မရှိ မေးမြန်းရာမှာ ဦးဝင်းမြင့်က လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်တဲ့ လယ်ယာမြေပြဿနာများ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေက အဖွဲ့ဝင်တွေကလည်း သူတို့စစ်ဆေးတွေ့ရှိချက်အရ လယ်ယာမြေသိမ်းဆည်းမှုတွေကို တပ်မတော်အစိုးရလက်ထက်မှာ ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းက သိမ်းဆည်းကြတာ ဖြစ်ပါတယ်။ ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ အချိန်ဇယားသတ်မှတ်ချက် တိတိကျကျရှိ မရှိ မေးမြန်းကြည့်ရာမှာ ဦးဝင်းမြင့်က

“တင်ထားတာတွေနဲ့ ပတ်သက်လို့ follow up ပြန်လိုက်ရမှာပေါ့။ ကျနော်တို့ လုံလောက်တဲ့အချိန်ပေးပြီး ဘယ်အချိန်ထိ ဘယ်လိုရှိတယ်၊ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ follow up ပြန်လုပ်ရမှာပေါ့။ မဟုတ်ရင်လည်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို တွေ့ဆုံပြီး ဒါကိုညှိနှိုင်းဆွေးနွေးရမှာပေါ့။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တိုင်ကြားနိုင်တယ်ဆိုပေမယ့် တရားရုံးကိုရောက်ရှိတဲ့ အမှုတွေကိုတော့ လက်ခံခြင်းမရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဝင်းမြင့်ကို မေးမြန်းကြည့်ရာမှာတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားလို့မရရင် သူတို့ထံကို တိုင်ကြားနိုင်ပါတယ်လို့ ပြောပါတယ်။

အဲဒီကော်မတီကို ၂၀၁၂ ဩဂုတ်လ ၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တိုင်ကြားစာ ၃ ထောင်ကျော်ဟာ ဒီ ၆ လအတွင်းမှာ တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013