DVB Logo
Home
မြန်မာသတင်း
လက်ကလေးဆွဲထားသီချင်းနှင့် အပြိုင်ကခုန်နေကြသည့် ယူ-၁၂ အားကစားသမားလေးများ (ရုပ်သံ)
DVB
·
October 25, 2019
လက်ကလေးဆွဲထားသီချင်းနှင့် အပြိုင်ကခုန်နေကြသည့် ယူ-၁၂ အားကစားသမားလေးများ (ရုပ်သံ)
Donate to DVB

       မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က တည်ခင်းတဲ့ ညစာစားပွဲမှာ လက်ကလေး ဆွဲထားသီချင်းနဲ့ အပြိုင် ကခုန်ပျော်ရွှင်နေခဲ့ကြတဲ့ ယူ- ၁၂ အားကစားသမားတွေနဲ့ အကယ်ဒမီကစားသမားလေးတွေရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။

       တိုင်းနဲ့ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်ကလေးငယ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကတည်းက ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ MFF U-12 Boys Tournament 2019(State and Regions) ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။

       ခုထွက်ရှိလာတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အားက စားသမားကလေးငယ်တွေဟာ လက်ကလေးဆွဲထားသီချင်းကို အဆိုတော်တဉီးရဲ့ သီဆို ဖျော်ဖြေမှုနဲ့အတူ လိုက်ဆိုနေခဲ့ကြပြီး ပျော်ရွှင်နေခဲ့ကြတာကို တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ရဲ့ ဖေ့စ်ဘွတ်ခ်အင် တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ၁၂ ပြိုင်ပွဲအတွက် တောင်ပေါ် မြေပြန့်ဒေသအသီးသီးက ပြိုင်ပွဲ၀င် ကစားသမားလေးတွေဟာ ခရီးသွားလာတာကအစ ပြိုင်ပွဲယှဉ်ပြိုင်တာအဆုံး တကယ့်ကို ပင်ပန်းခဲ့ကြပါတယ်။ ဒီညမှာတော့ ကလေးတွေ ခဏတာ အပန်းပြေစေဖို့ MFF ကညစာနဲ့ တည်ခင်းဧည့်ခံပြီး ပျော်ရွှင်မှုပေးခဲ့ပါတယ်။”

မြူးကြွတဲ့ သီချင်းစည်းချက်နဲ့အညီ အပူအပင်ကင်းတဲ့ ကလေးတွေရဲ့ အပျော်တွေ ကူးစက်သွားစေမယ့် အသင်းလိုက်အားကစားဝတ်စုံတွေနဲ့ ကခုန်နေကြတဲ့ မြင်ကွင်းကို ပရိသတ်တွေက သဘောကျနေကြပြီး ချီးကျူးမှတ်ချက်တွေ၊ ပြန်လည်မျှဝေမှုတွေနဲ့အတူ ပျံ့နှံ့နေခဲ့တာပါ။

မှတ်ချက်ရေးသူတယောက်ကတော့ “ကလေးတွေအတွက် ခုလိုလုပ်ပေးတာ ကြည်နူးရ ပါတယ်။ သူတို့အတွက်တော့ အမှတ်တရ ဖြစ်စေမှာပါ။ လွတ်လပ်ပေါ့ပါးနေတဲ့ ကလေးတွေကို ကြည့်ရတာ ကိုယ်ပါ အပျော်ကူးပါတယ်” လို့ ရေးခဲ့တာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သိန်းခွဲကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013