မိုးမိုး(အင်းလျား)မွေးနေ့အထိမ်းအမှတ် စာပေနှင့် အနုပညာပွဲတော်ကျင်းပ

ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနဲ့ အနုပညာပွဲတော်ကို အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက စတင်ကျင်းပနေပါတယ်။
ခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီပွဲတော်အတွက် အမှတ်တရစကား ပြောကြားထားတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသခဲ့ပါတယ်။
ဒီပွဲတော်ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှာ အောက်တိုဘာ ၂၇ရက်အထိ သုံးရက်တာ ကျင်းပသွားမှာပါ။
ဒီပွဲတော်မှာ စာပေဟောပြောပွဲ၊ ကဗျာရွတ်ဆိုပွဲ၊ စာပေဆွေးနွေးပွဲတွေနဲ့အတူ စာအုပ်စျေးရောင်းပွဲလည်းပါဝင်ပါတယ်။ ဒါ့အပြင် မိုးမိုး(အင်းလျား)ရဲ့ ဘဝဖြတ်သန်းမှုပုံရိပ်တွေနဲ့ ထင်ရှားတဲ့ စာရေးဆရာကြီးတွေရ့ ဓာတ်ပုံတွေကိုလည်း ပြသထားပါတယ်။
နူးရာ











