
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၀/၄) နဲ့ (၂၀/၅) အကြားမှာ အောက်တိုဘာ ၂၄ ရက်နေ့က Alphard အမျိုးအစား ယာဉ်တစီး တိမ်းမှောက်ခဲ့လို့ လူ ၄ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရပါတယ်။
အောက်တိုဘာ ၂၄ ရက် မနက် ၆ နာရီခွဲလောက်က နေပြည်တော်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ Alphard အမျိုးအစားအဖြူရောင်ယာဉ်ဟာ လမ်းအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး Guard rails တန်းအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ၁၁ ယောက်လိုက်ပါလာပြီး အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တာပါ။
ခရီးသည် ၅ ယောက်ကတော့ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တာကြောင့် ၁၁ မိုင်အမြန်လမ်းမီးသတ်စခန်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရပါတယ်။











