အိုင်စီမျိုးဆက်သစ် အဆိုတော် ငဲငယ်လေးရဲ့ မြူးမြူးကြွကြွအချစ်သီချင်းသစ်-ဘဝဆက်တိုင်း (ရုပ်သံ)

“ဒါဘဝရဲ့ အကောင်းဆုံး အချိန်ပဲလား… အချစ်ဆုံး နံဘေးအနားနားရှိတုန်း အ ခိုက်အတန့်မှာ… Woah Oh… မင်းရဲ့ အနားမှာ ရှိနေရရင်… ရောင့်ရဲတတ်တယ်… မင်း လည်းထပ်တူပဲ… ချစ်ခြင်းများနဲ့ တို့… ရှေ့ဆက်”
ဒါကတော့ အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ငဲငယ်လေးရဲ့ သီချင်း သစ်တပုဒ်ထဲ က စာသားတွေ ဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။
ဘဝဆက်တိုင်းလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ငဲငယ်လေးက သူကိုယ် တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားခဲ့ကာ ကိုယ်တိုင်ပဲ သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
“ဘယ်လိုအတားအဆီးတွေ ရှိနေပါစေ … အတူကျော်ဖြတ်မယ် ချစ်သူရေ… ဟေ… Woah Oh Oh Oh… အချိန်တွေ ရပ်တန့်ပေးပါဦး… Oh Oh Oh… ငါလေ နင့်အ နားရှိချင်လို့… မင်းအနားနား ရှိနေရင် ကမ္ဘာမြေပြင်ဟာ ပိုလှနေလို့… Woah Oh Oh Oh… ရင်ဆိုင်မယ်လေ… နှစ်ယောက်အတူ တို့ Oh Oh Oh… မခွဲပဲ လက်တွေတွဲထား မယ်… ဒီဘ၀မှာမက နောက်ဘဝတွေမှာ ဆုံစည်းပါစို့”
ငဲငယ်လေးဟာ မြန်မာပြည်ရဲ့ နာမည်ကြီးရော့ခ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ အိုင်စီ ရဲ့ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်ရဲ့ သမီးဖြစ်ပြီး လတ်တလောမှာတော့ အိပ်မက်နဲ့ စိတ်ဓာတ်အမည်ရတဲ့ တေးအယ်လ်ဘမ်တချပ်ကို ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။
ဆရာချစ်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ချစ်စမ်းမောင်ဟာ ခြောက်ကြိုး ကဝေလို့ အမည်ရတဲ့ တကိုယ်တော်လက်စွမ်းပြ ဆိုလိုစီးရီးတခွေထွက်ရှိခဲ့ပြီး အိုင်စီအဖွဲ့ နဲ့အတူ ဂီတလောကမှာ ဆရာတဆူဖြစ်ခဲ့တာ ဖြစ်ပါတယ်။
သမီးဖြစ်တဲ့ ငဲငယ်လေးဟာလည်း အတီး၊ အဆိုအစွမ်းပြနိုင်တဲ့ အိုင်စီရဲ့ နောက် မျိုးဆက်အဖြစ် ပရိသတ်တွေက လက်ခံအားပေးသူတယောက် ဖြစ်လာခဲ့တာပါ။
“တောင်းဆုတွေခြွေ… အို… ချစ်သူရေ… မင်းနဲ့ဆိုလေ… ဝေးဖို့အကြောင်းတောင် မတွေးခဲ့ဖူးဘူး… ဘုရားစူး… ပျော်ရွှင်စရာ နေ့သစ်တို့ဆီ ခေါ်ဆောင်သွားပါ… ဘဝတခု လုံးတောင်ပုံအပ်ထား... ယုံကြည်မှုတွေ တည်ဆောက်ပြီး… သစ္စာကြိုးနဲ့ ချည်နှောင် ထားတာ… တနေ့တော့ ဖြစ်လာမယ်… အိပ်မက်ကလေး… ပျော်ရွှင်စရာကောင်းတဲ့ အ ချစ်အိမ်ကလေးနဲ့ တို့နှစ်ဦး”
ဒီသီချင်းကိုတော့ Tay Than Thar Music ကနေ တင်ဆက်လိုက်တာဖြစ်ပြီး အ ရမ်းချစ်ကြတဲ့ ချစ်သူ နှစ်ဦးကြား ဘဝဆက်တိုင်းပြန်လည်ဆုံစည်းချင်တဲ့အကြောင်းကို မြူးမြူးကြွကြွ သီချင်းလေးတပုဒ်အနေနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။











