DVB Logo
Home
မြန်မာသတင်း
၅ နှစ် အမျိုးသားစီမံကိန်းမှုကြမ်း လွှတ်တော်တွင် ဆွေးနွေး
DVB
·
January 15, 2013
၅ နှစ် အမျိုးသားစီမံကိန်းမှုကြမ်း လွှတ်တော်တွင် ဆွေးနွေး
Donate to DVB

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့ က ဆောင်ရွက်ဖို့ တင်ပြတဲ့ ပဉ္စမကာလတို ငါးနှစ် အမျိုးသားစီမံကိန်းမှုကြမ်းကို လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးက ၀င်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရ တင်ပြလာတဲ့ အမျိုးသားစီမံကိန်းမှုကြမ်းမှာ အရင်အစိုးရ လက်ထက်ကလိုမျိုးပဲ အပြောင်းအလဲမရှိတာတွေ၊ စာရင်ဇယားတွေက ယုံကြည်စိတ်ချမှု မရှိတာတွေကို အဓိက ဆွေးနွေးကြတယ်လို့ သီပေါ်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“ဆွေးနွေးကြတာ ယေဘုယျ ခြုံပြီးပြောရရင် အခု တင်ထားတဲ့ အမျိုးသား စီမံကိန်းတွေက အရင်တုန်းက ရေးထားတဲ့အတိုင်းပဲ ဘာမှ သိပ်ပြီး အပြောင်းအလဲ မရှိဘူး။ စာရင်းဇယားတွေကလည်း ယုံကြည်စိတ်ချရမှု ဘယ်လောက်ရှိသလဲ၊ နောက် ဘာဆောက်မယ်၊ ညာဆောက်မယ်ဆိုတဲ့ဟာတွေကလည်း ကိန်းဂဏန်းတွေက ဖောင်းပွလွန်းတယ်။ ဆိုလိုတာက တကယ် အပြင်မှာ ပေါက်ဈေး အဲလောက်မရှိလောက်ဘူးပေါ့။ ပိုတင်ထားကြတယ်ပေါ့။”

ပြည်ထောင်စု အစိုးအဖွဲ့ရဲ့ ငါးနှစ် အမျိုးသားစီမံကိန်းမှုကြမ်းမှာ ကျန်းမာရေးကဏ္ဍ သုံးစွဲရာမှာလည်း နည်းလွန်တာတွေကို ထောက်ပြကြတယ်လို့ ဦးရဲထွန်းက ဆက်ပြောပါတယ်။

“တချို့ပုဂ္ဂိုလ်တွေ နှိုင်းယှဉ်ပြတာက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ကတ္တရာ ထပ်ပိုးလွှာ တင်ဖို့ သုံးစွဲမယ့် ငွေက အရမ်းများလွန်းနေတယ်ပေါ့။ ကျန်းမာရေးဘက်ကို ပေးထားတဲ့ ဘတ်ဂျက်က ၁၈ ဘီလီယံလောက်ပဲ ရှိပြီးတော့ လမ်းမကြီးတခုတည်းနဲ့ပင် ၃၃ ဘီလီယံလောက် ရှိတယ်ဆိုတာမျိုး ထောက်ပြတယ်။”

အမျိုးသားစီမံကိန်းမှုကြမ်းမှာ အစိုးရရဲ့ ဌာနဆိုင်ရာ အသီးသီးရဲ့ ဘဏ္ဍာငွေ သုံးစွဲမှုကို ပါဝင်ပေမယ် ကာကွယ်ရေးဌာနရဲ့ အသုံးစရိတ်တွေတော့ ပါဝင်တာမရှိဘူးလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013