DVB Logo
Home
သတင်းတို
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် အထက်တန်းကျောင်း ပိတ်ထားရ
DVB
·
January 15, 2013
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ အစိုးရတပ်ဘက်က ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) လက်နက်ကိုင်အဖွဲ့တွေကို ဒီကနေ့ မနက်က  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဖားကန့်အထက်တန်းကျောင်းကို ပိတ် ထားလိုက်ရတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် လူတွေထိခိုက်မှု မရှိပေမယ့် ကျောင်းသားတွေရဲ့ ဘေးကင်းလုံခြုံရေး စိုးရိမ်ရတဲ့အတွက် ဒီကနေ့မနက် ၁၀ နာရီလောက်ကနေ ညနေအထိ ကျောင်းပိတ်ထားလိုက်ရတယ်လို့ ပြောပါတယ်။

မနေ့က လိုင်ဇာမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အတွက် အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အစိုးရကတော့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်တွေက အရပ်သားတွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ လေယာဉ်တွေ သုံးပြီး တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ကချင်အဖွဲ့ အစည်း ၁၆ ဖွဲ့က မြန်မာအစိုးရကို ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013