DVB Logo
Home
မြန်မာသတင်း
အနီးကပ် ၅ ရက် နှစ်ခါ ခွဲတက်ရမည့် အဝေးသင်ပညာရေးစနစ်ကို ကန့်ကွက်ဆန္ဒပြ
DVB
·
October 24, 2019
အနီးကပ် ၅ ရက် နှစ်ခါ ခွဲတက်ရမည့် အဝေးသင်ပညာရေးစနစ်ကို ကန့်ကွက်ဆန္ဒပြ
1 / 7
Donate to DVB

အနီးကပ် ၅ ရက် နှစ်ခါ ခွဲတက်ရမယ် အဝေးသင် ပညာရေးစနစ်ကို အလိုမရှိတဲ့ အကြောင်း  ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)က ဦးဆောင်ပြီး မန္တလေးရတနာပုံ တက္ကသိုလ်ကျောင်း၀င်းမှာ ဒီနေ့မနက်က ကန့်ကွက် ဆန္ဒပြကြပါတယ်။

အဝေးသင်ပညာရေးစနစ်သစ် အလိုမရှိ၊ အာဏာရှင်ဆန်သော ပညာရေးပြုပြင်ပြောင်းလဲမှု အလိုမရှိ ၅ ရက်နှစ်ခါခွဲတက်ရတဲ့ အဝေးသင်ပညာရေးစနစ်သစ် အလိုမရှိ စတဲ့ ကြွေးကြော်သံများ ကြွေးကျော်ကာ ကျောင်းသားတွေက ကျောင်းအတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဝေးသင်ကျောင်းသား ကိုသူရိန်မိုးက ကျနော်တို့ အဝေးသင်ကျောင်းသားတွေအနေနဲ့ ကျောင်းကို ငါးရက်နှစ်ခါခွဲ တက်ရတဲ့အတွက် ကုန်ကျစရိတ်များလာတယ်။ နောက်ပြီး အလုပ်လုပ်ရင်း ကျောင်းတက်ဝန်ထမ်း တွေဆိုရင် ခွင့်ပြဿနာတွေနဲ့ အဝေးက ကျောင်းသားတွေ ဆိုရင် အဆောင်အခက်အခဲတွေလည်း ရှိနေတယ်။ အဆောင်စရိတ် စားစရိတ် ခရီးစရိတ်တွေ နှစ်ခါကုန်မှာဆိုတော့ ကျနော်တို့ကတော့ ဒီစနစ်သစ်ကို လက်မခံဘူး ဖြစ်လည်းမဖြစ်သင့်ဘူး ကန့်ကွက်တယ်။ ဒါကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်”လို့ ပြောပါတယ်။

အဝေးသင် စနစ်သစ်ကို မေလ Orientation ၅ ရက်နဲ့ စာမေးပွဲမတိုင်မီ အနီးကပ် ၅ ရက် နှစ်ခါခွဲတက်ရတဲ့ စနစ်သစ်နဲ့ပတ်သက်ပြီးမေလ ၉ ရက် နေ့ကကျောင်းသာ သမဂ္ဂက တာဝန်ရှိ သူတွေနဲ့ ဆရာသမဂ္ဂတို့ သဘောထားမှတ်ချက်တွေကို ပညာရေးဝန်ကြီးဌာနက တောင်းခံခဲ့ရာ ကျောင်းပေါင်း ၃၀ ကျော်က ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဝေးသင်ပညာရေးစနစ်သစ်ကို ကျောင်းသားမဂ္ဂများ၊ ဆရာများသမဂ္ဂများက ကန့်ကွက်မှု တွေရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာ စတင်ပြောင်းလဲဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။

၅ ရက်နှစ်ခါ ခွဲတက်ရမယ့် အဝေးသင်စနစ်သစ်နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကန့်ကွက်သွားမှာဖြစ်ပြီး တခြားတက္ကသိုလ်တွေ ဆရာများနဲ့ သမဂ္ဂများ၊ ကျောင်းပေါင်း ၃၀ ကျော်က အဝေးသင်ကျောင်းသားသမဂ္ဂတွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ အရှိန်မြင့်ပြီး ဆက်လက်ဆန္ဒထုတ် ဖေါ်သွားဖို့ရှိပါတယ်။

Photo -Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013