DVB Logo
Home
မြန်မာသတင်း
က်ိုက္ထီးရိုး အလုပ္သမားမ်ား ဆနၵျပ
DVB
·
January 15, 2013
က်ိုက္ထီးရိုး အလုပ္သမားမ်ား ဆနၵျပ
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုးဘုရားက အလုပ်သမားတွေဟာ သူတို့လုပ်ငန်းကိုင်ငန်း အဆင်ပြေရေးအတွက် သက်ဆိုင်ရာလုပ်ငန်းရှင်တွေကို ဒီကနေ့ မနက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကျိုက်ထီးရိုးအလုပ်သမား ၁၀၀ ကျော် ဒီနေ့မနက် ၄ နာရီက ကိုယ့်အစီအစဉ်နဲ့ကိုယ် တောင်အောက်ကို ဆင်းသွားပြီး မနက် ၉ နာရီမှာ ကျိုက်ထိုမြို့ ဂေါက်ကွင်းရှေ့ ထွန်စက်ကုန်းပေါ်ကနေ မြို့တွင်းကို စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတာပါ။

နှစ်စဉ်ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့ ကျိုက်ထီးရိုးဘုရားမှာ လုပ်ငန်းရှင်လူနည်းစုက ဈေးဆိုင်ခန်း၊ မော်တော်ယဉ်လိုင်းတွေ လက်ဝါးကြီးအုပ်ထားပြီး အရင်းနှီးနည်းပါးသူ လက်လုပ်လက်စားတွေအတွက် လုပ်ပိုင်ခွင့် အခွင့်အလမ်း နည်းပါးတဲ့အတွက် ဆန္ဒပြတာလို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။

“အခု အထမ်းသမားဖြစ်ဖြစ်၊ တောင်ပေါ်သားဖြစ်ဖြစ် ၁၅၀၀ တိုးကောက်လိုက်တယ်။ မလျှော့ပေးတဲ့အပြင် တိုးကောက်လိုက်တယ်။ ဒီနေ့ ဆန္ဒပြပွဲရဲ့ ရလဒ်က ဒါပါပဲ။ ကျနော်တို့ ဆိုင်သမားတွေက သိန်း ၂၀၊ ၃၀ ပေးနေရတဲ့အချိန်မှာ ကားတစီးရဲ့ အခွန်ငွေက ၂ သိန်းဆိုတော့ ရီစရာဖြစ်နေတာပေါ့။ သူတို့က တနှစ်ကို သိန်း ရာနဲ့ချီရနေတယ်။ ဆိုင်သမားတွေက အကုန်လုံး အရှုံးပြနေတယ်။ အကြွေးတွေ ပတ်လည်ဝိုင်းနေတယ်။ ကားတွေတိုးချင်တယ်ဆို တတ်နိုင်တဲ့သူတွေ တိုးကြ။ ကားဈေးနှုန်းတွေ ချပေးဖို့ တောင်းဆိုတယ်။”

ဆန္ဒပြသူတွေက ကားခတွေ လျှော့ပေးရေး၊ အချိန်သတ်မှတ်ပြီး တိတိကျကျ ကားထွက်ပေးရေး၊ လိုင်းကားတွေ တိုးမြှင့်ပြီး အပြင်လူကိုပါ ပြေးဆွဲခွင့်ပြုဖို့၊ ဆိုင်ခန်း အခွန်တွေ လျှော့ချပေးဖို့ စတဲ့အချက် ၄ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီတောင်းဆိုချက်တွေကို ဂေါပကလူကြီး၊ လုပ်ငန်းရှင်နဲ့တကွ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲမှူးတွေဆီလည်း ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်က အထမ်းသမားအများစုပါတဲ့ အလုပ်သမားတွေဟာ သူတို့အခွင့်အရေးအတွက် မနှစ် အောက်တိုဘာလတုန်းကလည်း ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့ပေမယ့် ဂေါပကလူကြီးတွေ၊ အုပ်ချုပ်ရေးမှူးတွေက အရေးယူ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် ထပ်ပြီးဆန္ဒပြတာလို့ အလုပ်သမားတွေက ပြောပါတယ်။

အချိန် ၅ ရက်လောက် စောင့်ကြည့်ပြီး တောင်းဆိုချက်တွေ မလိုက်လျောပေးရင် ဆက်ပြီး ဆန္ဒပြသွားမယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျိုက်ထီးရိုး အလုပ်သမားခေါင်းဆောင်တွေဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ကြိုးစားရာမှာ ကျိုက်ထီးရိုးတောင်ပေါ်က လုပ်ငန်းရှင်တဦး လာရောက်တားဆီးပြီး ထိုးကြိတ်မှုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ညနေပိုင်းမှ လုပ်ဖြစ်တယ်လို့ ဆန္ဒပြခေါင်း ဆောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013