DVB Logo
Home
မြန်မာသတင်း
Miss Grand International အကောင်းဆုံးအမျိုးသားဝတ်စုံဆု ထိပ်တန်း ၂၀ စာရင်းတွင် မြန်မာ အလှမယ်ပါဝင်(ဓာတ်ပုံ)
DVB
·
October 24, 2019
Miss Grand International အကောင်းဆုံးအမျိုးသားဝတ်စုံဆု ထိပ်တန်း ၂၀ စာရင်းတွင် မြန်မာ အလှမယ်ပါဝင်(ဓာတ်ပုံ)
1 / 18
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် Miss Grand International အလှ မယ်ပြိုင်ပွဲမှာ  မြန်မာအလှမယ် မွှေးသက်ရဲ့ ဝတ်စုံက အကောင်းဆုံးအမျိုးသားဝတ်စုံဆု (Best National Costume)ထိပ်တန်းအယောက် ၂၀ စာရင်းမှာ ဦးဆောင်ပါဝင်နေပါတယ်။ 

အသက် ၂၆ နှစ်အရွယ် အလှမယ်ဟာ တုနှိုင်းမဲ့ မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ “Extraordinary Love of Mother” လို့ အမည်ပေးထားတဲ့ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့တာပါ။

ဒီဇိုင်နာ Sha Roi က ဖန်တီးချုပ်ထားပေးတဲ့ ဒီဝတ်စုံရဲ့ အဓိပ္ပါယ်ကိုတော့ အမျိုး သမီးတယောက်ရဲ့ရှင်သန်နေထိုင်မှုဟာ ကလေးမွေးဖွားခြင်းထက် သာလွန်တဲ့ ဘဝတခု ဖြစ်ပြီး သူ့အတွက် မိခင်တယောက်ရရှိမယ့်အခွင့်အရေးတွေ၊ ရင်သွေးအပေါ် ပြုစုပျိုး ထောင်ရင်း ပေးဆပ်ရမယ့် အနစ်နာခံမှုတွေ၊ ဦးဆောင်ဦးရွက်ပြုလုပ်ရမယ့် မိသားစု တာဝန်တွေကို အရယူနိုင်ပြီး အိမ်မက်တွေအတွက် ပန်းတိုင်ထိရောက်အောင် ဆောင်ရွက် နိုင်စွမ်းရှိသူဖြစ်ကြောင်း တင်ပြထားခဲ့ပြီး နောက်ဆုံးမှာတော့ သူမဟာ မောပန်းနွမ်းနယ် နေပေမယ့် ကြောက်ရွံ့မှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေကနေ ရင်သွေးအပေါ် မိခင်တ ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခိုင်မာစွာရပ်တည်နိုင်တဲ့ စစ်ပွဲတခုရဲ့ မီးလျှံကြားက ရဲရင့်တဲ့ မိခင်တယောက်ရဲ့အဆုံးမရှိသော အံ့မခန်း ချစ်ခြင်းမေတ္တာလို့ ရည်ညွှန်းထားခဲ့တာပါ။

လတ်တလောထုတ်ပြန်ထားတဲ့ ထိပ်တန်းအလှမယ်ကိုယ်စားပြုနိုင်ငံတွေစာရင်း မှာတော့ မြန်မာအလှမယ်နဲ့အတူ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မက္ကဆီကို၊ ထိုင်း၊ ဂွာတီမာလာ၊ ဒို မီနီကန်၊ အင်ဒိုနီးရှား၊ အီကွေဒေါနဲ့ မလေးရှားနိုင်ငံတွေက အွန်လိုင်းမဲပေးမှုအများဆုံး ၁၀ နိုင်ငံ ကိုယ်စားပြုအလှမယ်တွေအနေနဲ့ ပါဝင်လာပြီး ဒိုင်တွေက ရွေးချယ်ထားတဲ့ ၁၀ နိုင် ငံစာရင်းမှာတော့ ဘရာဇီး၊ ကော်စတာရီကာ၊ ဂွာဒီလု၊ အိန္ဒိယ၊ ဂျပန်၊ လက်ဘနွန်၊ နိုက် ဂျီးရီးယား၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလားနိုင်ငံကိုယ်စားပြုအလှမယ်တွေက ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီစာရင်းထဲကမှ မဲအများဆုံး ၁၀ နိုင်ငံအလှမယ် ၁၀ ဦးထဲက ၅ ဦး၊ ဒိုင်တွေရွေး ချယ်ထားတဲ့ ၁၀ နိုင်ငံအလှမယ် ၁၀ ဦးထဲက ၅ ဦးစီ ရွေးချယ်ပြီးမှ အဲဒီ ၁၀ ဦးထဲက အကောင်းဆုံး အမျိုးသားဝတ်စုံဆု (Best National Costume)ကို ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

       Miss Grand International အလှမယ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဖိုင်နယ်ပွဲကို တော့ လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြီး ဆုတွေ ရွေးချယ်ချီးမြှင့်သွား မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013