DVB Logo
Home
မြန်မာသတင်း
LCCI စာရင်းကိုင်သင်တန်းသူ အမျိုးသမီး ၁ ဦးကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးသတ်
DVB
·
October 24, 2019
LCCI စာရင်းကိုင်သင်တန်းသူ အမျိုးသမီး ၁ ဦးကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးသတ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဉ္ဓနမဟီရပ်ကွက် ၇၈လမ်းနဲ့ ၃၄ လမ်းထောင့် Sky Wall shopping mall ၃ လွှာအထပ်က LCCI စာရင်းကိုင်သင်တန်းမှာ အောက်တိုဘာ ၂၃ ရက် ည ၆ နာရီခွဲလောက်က သင်တန်းတက်နေတဲ့ သင်တန်းသူတဦးကို ရည်းစားဖြစ်သူက ဓားနဲ့ထိုးခဲ့တာကြောင့် သေ‌ဆုံးသွားပါတယ်။

သင်တန်းသူ မအေးမွန်သန့်ကိုသူရဲ့ ရည်းစားဖြစ်သူ မောင်လတ်အောင် (ခ) အောင်အောင်ကနေ အရိုးအသွား ၁၀ လက်မခန့်ရှိတဲ့ စတီးဓားနဲ့ထိုးလိုက် တာကြောင့် မအေးမွန်သန့်ရဲ့ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက် ဝဲရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက် ယာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက် ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်စဉ်မှာဘဲ သေ‌ဆုံးသွားခဲ့ပါတယ်။

“ကျုးလွန်သူကို ချက်ချင်းဖမ်းမိတယ်။ ကောင်မလေးကတော့သေသွားတယ်။ စခန်းမှာ အမှုဖွင့်ထားတယ်”လို့ အမှတ်(၈)မြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျုးလွန်သူ မောင်လတ်အောင်(ခ)အောင်အောင်ကို ချက်ချင်း ဖမ်းဆီးရမိခဲ့ပြီး အမှတ် ၈ မြိုမရဲစခန်းမှာ (ပ)၆၉၅/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013