DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ၂၂ ဦး အစွမ်းကုန် ယှဉ်ပြိုင်ရင်ခုန်ကြရမည့် Green Mile ည (ရုပ်သံ)
DVB
·
October 24, 2019
မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ၂၂ ဦး အစွမ်းကုန် ယှဉ်ပြိုင်ရင်ခုန်ကြရမည့် Green Mile ည (ရုပ်သံ)
Donate to DVB

       နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol Season 4 ရဲ့ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ဘယ်သူတွေ တက်ရောက်သွားနိုင်မလဲဆိုတာကို ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ တစတစ မြင့်တက်လာနေခဲ့ပြီ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံ မြို့ကြီးတွေအနှံ့ ရွက်ပုန်းသီး အနုပညာရှင်တွေ ရွေးချယ်ပွဲတွေကတဆင့် Golden Week နဲ့ အဖွဲ့လိုက် သီဆိုယှဉ်ပြိုင်ရတဲ့ Theatre Round အဆင့်တွေကို ကျော်ဖြတ်ပြီး ဒီတခါမှာတော့ Green Mile အဆင့်ကို ရောက်လာခဲ့ပြန်ပါပြီ။

       ဒီအဆင့်မှာတော့ ပြိုင်ပွဲဝင် ၂၂ ဦးရဲ့ ရင်ခုန်သံတွေနဲ့အတူ ပရိသတ်တွေ အားပေးနေတဲ့ ဘယ်ပြိုင်ပွဲဝင်တွေက Top Finalist ကို ရောက်ရှိသွားနိုင်မလဲဆိုတာကိုတော့ လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့ အဆုံးအဖြတ်ပေးတော့မှာပဲ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပါတယ်။

Season 4 အတွက် ပြိုင်ပွဲဝင်တွေရဲ့ အသံစစ်ဆေးမှုတွေကိုတော့ မြန်မာနိုင်ငံ မြို့ကြီး ငါးမြို့ဖြစ်တဲ့ တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဘားအံ၊ ရန်ကုန်မြို့တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က စတင်ပြုလုပ်ခဲ့တာပါ။

ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်မယ့်သူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန် ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013