DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန်ရွေးရန်ရှိဟုဆို
DVB
·
January 15, 2013
ဧရာဝတီတိုင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန်ရွေးရန်ရှိဟုဆို
Donate to DVB

ဧရာဝတီတိုင်းထဲ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ မရှိတဲ့အတွက် ဥပဒေအတိုင်း အချိန်မီ အမြန်ဆုံးပြန်လည်ဆောင်ရွက်သွားဖို့ တိုင်းလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကနေ ဇန်န၀ါရီ ၁၁ ရက်ထိ ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး  လွှတ်တော်အစည်း အဝေးအတွင်း တိုင်းထဲရှိသမျှ မြို့နယ် ၂၆ မြို့နယ်စလုံးက လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဥပဒေနဲ့မညီတဲ့ ရပ်ကျေးအုပ်ချုပ် ရေးမှူး ရွေးတဲ့ကိစ္စရပ်တွေ တင်ပြခဲ့ကြပါတယ်။

[caption id="attachment_35334" align="alignright" width="150" caption=" ဒေါက်တာလှမြတ်သွေး"][/caption]

ရေကြည်မြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက “အထူးသဖြင့် ပါဝင်ပတ်သက်နေသူတွေက အုပ်ချုပ်ရေးမှူးအဟောင်းတွေ၊ များသောအားဖြင့် ၈၅ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းလောက်က အုပ်ချုပ်ရေးမှူးအဟောင်းတွေရဲ့ အရှိန်အ၀ါ မကုန်သေးတာ။ အုပ်ချုပ်ရေးမှူးဟောင်းတွေက သူ့ကိုထောက်ခံမယ့် ဆယ်အိမ်ခေါင်းတွေကို ကျွေးတယ်။ နောက် ရပ်မိရပ်ဖဟောင်းဆိုတဲ့သူတွေကလည်း ထုံးစံအတိုင်း အရင်တုန်းကလို သူတို့ ခြယ်လှယ်လို့ရမယ့် အုပ်ချုပ်ရေးမှူးမျိုးကို လုပ်ချင်တယ်။ နောက်ပြီး အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ကို ထောက်ခံမယ့် ရပ်မိရပ်ဖတွေကို ရွေးတယ်။ အခြေခံအားဖြင့်တော့ အားလုံးက အတူတူပါပဲ။ လွှတ်တော်က ဒီဟာတွေကို ဥပဒေအတိုင်း အချိန်မီ အမြန်ဆုံးဆောင်ရွက်သွားဖို့ ဆုံးဖြတ်တယ်” လို့ ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့လထဲ အပြီးရွေးချယ်ခဲ့ကြရာမှာ သက်ဆိုင်ရာက  အချိန်တိုအတွင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ ဥပဒေနည်းဥပဒေတွေကို ပြည်သူတွေသိအောင် မလုပ်နိုင်ခဲ့ကြတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ ဥပဒေနဲ့အညီ မကျင်းပခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲ ဘယ်နှခုရှိသလဲဆိုတာနဲ့ အုပ်ချုပ်ရေးပိုင်းက တိုင်းလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း  ရပ်ကျေး ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပမလား၊ မကျင်းပဘူးလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာ လှမြတ်သွေးက “ပြဿနာဖြစ်နေတဲ့ တချို့မြိုကနယ်တွေကိုတော့ ဒီအတိုင်း မထားလိုက်ဘဲနဲ့ ပြန်ကျင်းပပေးမယ်လို့ ကျမ နားလည်လိုက်တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးစေချင်တဲ့ သဘောထားမျိုးပါပဲ။ ပြန်ကျင်းပတဲ့အခါမှာလည်း ကျမမြင်နေတာ နှစ်ပိုင်းရှိတယ်။ တကယ်ပဲ ဥပဒေနဲ့မညီဘဲ သွေးရိုးသားရိုး တင်ပြလာတာက တပိုင်း၊ ဒုတိယအပိုင်းက ပြည်သူလူထုကြိုက်တယ် သို့သော်လည်း လူနည်းစုက မကြိုက်ဘူး။ အဲဒါကို လူအများမကြိုက်တဲ့ပုံစံ ဖန်တီးပြီးတော့ လုပ်တာရှိတယ်။ အဲတော့ ကျမတို့ သေချာစစ်ဆေးရမှာက တကယ်လူများစုမကြိုက်တားလား၊ လူနည်းစုမကြိုက်တာလား ပြန်စစ်ဆေးရမယ်လို့ ထင်တယ်။ လက်ရှိအမြင်မှာတော့ သူတို့ အချို့အပိုင်းတွေကို ပြန်ရွေးချယ်ပေးမယ်ထင်တယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေ တနိုင်ငံလုံးအနှံ့ ပြုလုပ်ခဲ့ပြီး ဥပဒေနဲ့ မညီတဲ့ ရွေးချယ်ပွဲတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာပဲ သမ္မတဦးသိန်းစိန်က ရပ်ကွက်ကျေးရွာမြို့နယ် စတဲ့အုပ်ချုပ်ရေး အဖွဲ့တွေကို ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ ပုံစံမျိုးဖွဲ့စည်းပြီး အုပ်ချုပ်ရေးစနစ် ပြောင်းမယ်လို့ ပြောခဲ့ပါတယ်။ မကြာမီမှာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ လိုအပ်မယ့် ဥပဒေ၊ နည်းဥပဒေတွေ ထွက်ပေါ်လာဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013