DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကျောက်မျက်ရတနာဈေးကြီးပေါ်ပေါက်ရေး ကြိုးပမ်းရန် ဝန်ကြီးချုပ်တိုက်တွန်း 
DVB
·
October 23, 2019
မန္တလေးတွင် ကျောက်မျက်ရတနာဈေးကြီးပေါ်ပေါက်ရေး ကြိုးပမ်းရန် ဝန်ကြီးချုပ်တိုက်တွန်း 
1 / 5
Donate to DVB

မန္တလေးမြို့မှာ ကျောက်မျက်ရတနာဈေးကြီး တခုဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းကြိုးပမ်းကြဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းပြောပါတယ်။

“အစိုးရကိုယ်တိုင်က တာဝန်သိတဲ့ အစိုးရဖြစ်ရမယ်။ ရတနာပစ္စည်းဆိုတာ မြေကြီး အောက်မှာ ရှိတယ်ဆိုပေမယ့် အဖိုးတန်တယ်။ အပေါ်ကိုရောက်လာတဲ့အခါ စနစ်ရှိရင် ပိုတန်ဖိုးတက်မယ်။ တွင်းထွက်ပစ္စည်းဆိုတာ တူးချင်တိုင်းတူးလို့ မရပါဘူး။ တူးခွင့်ပေးလို့လည်း မရပါဘူး။ နောင်အနာဂါတ် မျိုးဆက်သစ်တွေအတွက် စီမံခန့်ခွဲမှု ချန်ပေးရပါမယ်။ အဲဒါဟာ အစိုးရရဲ့တာဝန်ဘဲဖြစ်တယ်။”

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က ကွန်ဗန်းရှင်းစင်တာမှာ ပထမဦးဆုံးအကြိမ် မြန်မာကျပ်ငွေနဲ့ရောင်းချမယ့် ကျောက်စိမ်းအရိုင်း၊ အချောထည်နဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲကို အောက်တိုဘာလ ၂၃ ရက်ကနေ  ၂၅ ရက်နေ့အထိ စတင်ရောင်းချနေပါတယ်။

ကျောက်မျက်ရတနာတွေကို ပထမအကြိမ် မြန်မာကျပ်ငွေနဲ့ ရောင်းချရာမှာဆိုင်ခန်းပေါင်း ၅၀ ကျော် ခင်းကျင်းရောင်းချသွားမှာဖြစ်ပြီး  ဝင်ရောက်ကြည့်ရှုဝယ်လိုပါက မြန်မာနိုင်ငံသားတွေက ကျပ် နှစ်သောင်း၊ နိုင်ငံခြားသားတွေအနေနဲ့ မြန်မာ ကျပ် တသိန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး)ရဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက “အခုလို ရောင်းချရတာကြောင့် ဝယ်မယ့်သူလည်း အဆင်ပြေတယ်။ ရောင်းတဲ့သူလည်း အဆင်ပြေတယ်။ တိုင်းဒေသကြီးအနေနဲ့လည်း မှန်မှန်ကန်ကန် အခွန်ရမယ်။ ကျောက်သမားတွေ အနေနဲ့ နေပြည်တော်ကိုသွားစရာမလိုဘဲ လွယ်လင့်တကူဝယ်နိုင်တဲ့အတွက်သူတို့အတွက် အဆင်ပြေမယ်။ ဒီလိုပွဲတွေလုပ်ခြင်းကြောင့် ဒေသတွင်းမှာ ကျောက်စီးဆင်းမှုတွေ များလာမယ်။ ကျောက်ဈေးကွက် ပိုကောင်းလာမယ်လို့ မျှော်လင့်မိတယ်”လို့ ပြောပါတယ်။

ကျောက်စိမ်းအရိုင်း အချောထည်နဲ့ ကျောင်မျက် ရတနာများကို ပထမအကြိမ် မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲကို  စိတ်ဝင်စားသူ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013