DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ မူးယစ်ဆေး၊ တရားမဝင်သစ်နှင့် ရွှေမျှောအမှု တရားခံ ၄၀၀၀ ခန့် တနှစ်အတွင်း ဖမ်းမိ
DVB
·
October 23, 2019
စစ်ကိုင်းတိုင်း၌ မူးယစ်ဆေး၊ တရားမဝင်သစ်နှင့် ရွှေမျှောအမှု တရားခံ ၄၀၀၀ ခန့် တနှစ်အတွင်း ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းမှာ အခုနှစ်အတွင်း  မူးယစ်ဆေးဝါး၊ တရားမဝင်သစ်နဲ့ ရွှေမျှောအမှုတို့ အတွက် တရားခံပေါင်း ၄၀၀၀ လောက်ဖမ်းဆီးခဲ့တယ်လို့ တိုင်းအစိုးရက ပြောပါတယ်။

ဒီနေ့လုပ်တဲ့ တိုင်းအစိုးရအဖွဲ့နဲ့ တိုင်းအဆင့် ဌာနဆိုင်ရာတွေ၊ ခရိုင်၊ မြို့နယ်အဆင့် စီမံခန့်ခွဲရေးကော်မတီတွေ အစည်းအဝေးမှာ ဝန်ကြီးချုပ်ကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့တာပါ။

ဝန်ကြီး ဦးစိုးဦးက “မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေ လျော့နည်းပပျောက်ရေးကို ဦးစားပေးကဏ္ဍတခုအနေနဲ့ ဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်။ 

လောင်းကစားမှု၊ လူကုန်ကူးမှု၊ တရားမဝင် သစ်ခိုးထုတ်မှု၊ တရားမဝင် သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ လျော့နည်း ပပျောက်ရေး အတွက်လည်း ပြည်သူတွေကို အသိပညာပေးရမှာဖြစ်သလို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာတွေလည်း လုပ်ရမှာဖြစ်ပါတယ်”

ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးပြီး  ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီတွေအနေနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေး လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး စီမံချက်တွေစနစ်တကျရေးဆွဲသွားဖို့ လိုတယ်လို့လည်း ပြောပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ တရားမဝင်သစ် ၂၀၁၇၉ တန်ကျော်ဖမ်းဆီးခဲ့ပြီး တရားမဝင် ရွှေမျှော ၄၂ မှု မူးယစ်ဆေးဝါး ၂၀၁၁ မှုတို့ကနေ တရားခံ ၃၈၁၉ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ တိုင်းအစိုးရ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013