Home
မြန်မာသတင်း
ရေးမြို့နယ် အပန်းဖြေကမ်းခြေကိုသွားရာလမ်းတွင် အမှိုက်များအမြန်ဆုံးရှင်းပေးစေလို
DVB
·
October 23, 2019
75521607_256087062018968_8683138302900961280_n
မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက အစင်စံပြကျေးရွာ နဲ့ ဇီးဖြူသောင်ကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းမဘေး တလျောက်မှာရှိတဲ့ စွန့်ပစ်အမှိုက်တွေကြောင့်  အနီးအနားပတ်ဝန်းကျင် နေထိုင်သူတွေ ကျန်းမာရေး ထိခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  အဲဒီလို စွန့်ပစ်အမှိုက်တွေကြောင့် ကျန်းမာရေးထိခိုက်ခံစားနေရသလို မီးဘေး အန္တရာယ်ကိုလည်း စိုးရိမ်နေရတဲ့အတွက် သက်ဆိုင်ရာကနေ အမြန်ဆုံးရှင်းလင်းပေးဖို့ တင်ပြထားပေမယ့် ဒီကနေ့အချိန်ထိ ရှင်းလင်းဆောင်ရွက် တာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါလမ်းဟာ ရေလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ ဘုရားတောင် ပင်လယ်ဝ အပန်းဖြေကမ်းခြေ ကိုသွားတဲ့ လမ်းဖြစ်တဲ့အတွက် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ ရှိနေပြီး အမြင် သင့်တော်မှု မရှိဘူးလို့လည်းဆိုပါတယ်။ အမှိုက်တွေကို စနစ်ကျပစ်ဖို့ နဲ့ စည်းကမ်းမဲ့မပစ်ဖို့ တားမြစ်ထားပေမယ့် အမှိုက်ပစ်ဖို့ မြေနေရာအခက်ခဲကြောင့်  စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ရှိနေတာဖြစ်တယ်လို့ အစင်စံပြကျေးရွာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024