DVB Logo
Home
မြန်မာသတင်း
ကလေး ၂ ဦးကို သက်သေအဖြစ်မှပယ်ဖျက်ရန် လျှောက်ထားမှု ဗစ်တိုးရီးယား၏မိခင်ကန့်ကွက်
DVB
·
October 22, 2019
ကလေး ၂ ဦးကို သက်သေအဖြစ်မှပယ်ဖျက်ရန် လျှောက်ထားမှု ဗစ်တိုးရီးယား၏မိခင်ကန့်ကွက်
Donate to DVB

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သူ့ရဲ့ သားနှစ်ယောက်ကို သက်သေအဖြစ်  ပယ်ဖျက်ရေးဖို့ လျှောက်ထားမှုကို ဗစ်တိုးရီးယားမိခင် ဖြစ်သူက ကန့်ကွက်ကြောင်း ပြန်လည်လျှောက်ထားလိုက်ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့က ဒေါ်ဥမ္မာလှိုင်ကနေ အောင်ကြီးရဲ့ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်ကို တရားစွဲထားတဲ့ အမှုရုံးချိန်းတရားခွင်မှာ သူ့ရဲ့ သားနှစ်ဦးအနေနဲ့ စိတ်ထိခိုက်နေတဲ့အတွက် သက်သေအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ ခရိုင်ဥပဒေရုံးမှာ အသနားခံလျှောက်ထားတယ်လို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒီကနေ့ အောက်တိုဘာလ ၂၂ နေ့မှာ ဗစ်တိုးရီးယားရဲ့ မိခင်ဖြစ်သူကနေ ဒက္ခိဏသီရိခရိုင် ဥပဒေရုံးမှာ ကန့်ကွက်ကြောင်း ပြန်လည်လျှောက်ထားခဲ့တာဖြစ်တယ်လို့ အမှုကိုလိုက်ပါကူညီပေးနေသူဖြစ်တဲ့ သက္ကမိုးညိုအကောင့် ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းက ဆိုပါတယ်။

"အဲဒီလျှောက်လွှာလေး အခု ခရိုင်ဥပဒေအရာရှိဆီ လာတင်တာပေါ့။ ခရိုင်ဥပဒေအရာရှိ နဲ့လည်း မတွေ့ခဲ့ဘူး။ ဒါပေမယ့် ဒီလျှောက်လွှာလေးကို ပေးခဲ့ပါတယ်။ အဓိကကတော့ ကျနော်တို့အနေနဲ့ ကျနော်တို့အနေနဲ့ဆိုတာက တရားလို အနေနဲ့ ဒီလိုမျိုးပယ်ဖျက်ဖို့ လက်မခံဘူးဆိုတဲ့အကြောင်း ကန့်ကွက်တဲ့ လျှောက်လွှာပါ။ ဒေါ်ဥမ္မာလှိုင်သည် နစ်နာ သူမဟုတ်ဘူးလေ ဒီအမှုမှာ၊ ဒီအမှုမှာ နစ်နာသူကနေပြီးကာမှ  နစ်နာသူက အခုနကပြောသလို ကလေးရဲ့ မိခင်အနေနဲ့ လျှောက်ထားတာပေါ့ ကလေးကလည်း နစ်နာသူဖြစ်တယ်ပေါ့။ သူကအဲလိုလျှောက်ထားခွင့်မရှိဘူးပေါ့။ မရှိတဲ့အပြင် နောက်တခု ဒီကလေးနှစ်ယောက်ဟာ အရေးကြီးတဲ့ တရားလိုပြသက်သေတွေဖြစ်နေတယ်။ အဲဒါကြောင့် သူ့ကို ပယ်ဖျက်ဖို့ရာအတွက် အဆင်မပြေဘူးပေါ့။ သူတို့ဟာတော်တော်အရေးကြီးတဲ့ သက်သေတွေဖြစ်နေ တဲ့အတွက်ကြောင့် ဆက်လက်မေးမြန်းခွင့်ပြုဖို့ ဆိုပြီး လျှောက်ထားခဲ့တာပါ။ ဗစ်တိုးရီးယား မိခင်က လျှောက်ထားခဲ့တာပါ။ ရုံးဘက်က လက်ခံလားဆိုတော့ ခရိုင်ဥပဒေအရာရှိနဲ့တော့ တိုက်ရိုက်မတွေ့ခဲ့ရဘူး။ အပြင်သွားနေတယ်ပြောလို့ လျှောက်လွှာပေးခဲ့ပါတယ် " လို့ ဒေါက်တာဝင်းကိုကိုသိန်းက ပြောပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဗစ်တိုးရီးယားလေးအမှုရုံးချိန်းမှာ ဆရာမနှစ်ဦးနဲ့ CCTV မှတ်တမ်းတာဝန်ခံ ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013