DVB Logo
Home
မြန်မာသတင်း
အေအေစစ်ဦးချုပ်၏ ယောက်ဖကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
DVB
·
October 22, 2019
အေအေစစ်ဦးချုပ်၏ ယောက်ဖကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
Donate to DVB

ရက္ခိုင့်တပ်တော်(အေအေ) စစ်ဦးချုပ်ရဲ့ ယောက်ဖတော်စပ်သူ ကိုကျော်နိုင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုနဲ့ မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာချိန်မှာ သတင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေဖြစ်တဲ့ပုဒ်မ၅၂ (က)၊(ခ)၊(ဂ) တို့နဲ့ အမှုဖွင့်အရေးယူထားတာပါ။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အရာရှိတဦးက “သတင်းရဲတပ်ဖွဲ့ကနေပဲ လက်ရှိတရားလိုလုပ်ပြီး အမှုဖွင့်ထားတာပါ၊ ဘယ်လိုကိစ္စတွေကြောင့် အရေးယူတာလည်းဆိုတဲ့ အသေးစိတ်ကတော့ စစ်ဆေးနေတဲ့ကာလဖြစ်တဲ့အတွက် ပြောလို့တော့ မရသေးဘူး။ လက်ရှိကတော့ စစ်ဆေးနေတုန်းပါလို့” ပြောပါတယ်။

အခုလို ရဲတပ်ဖွဲ့ဘက်ကနေ အေအေအဖွဲ့နဲ့ ဆွေမျိုးတော်စပ်သူတွေကို ဖမ်းဆီးတာဟာ ယုံကြည်မှုတည်ဆောက်ရေးမှာ ပျက်ပြားစေပြီး အခြေအနေပိုဆိုးစေတယ်လို့ အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“အခုလို မိသားစုဝင်တွေကို ဖမ်းဆီးတဲ့ကိစ္စကတော့ မလုပ်သင့်တဲ့ကိစ္စလို့မြင်တယ်။ ဒီလို ပုံစံတွေက အစိုးရရဲ့အဆင့်အတန်းကို ဖော်ပြနေတာလိုပဲ ကျနော်ကမြင်တယ်။ အရင်အင်္ဂလိပ်ခေတ် လက်ထက်က ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်မှာတောင် ဒါမျိုးမရှိခဲ့ဘူး၊ ဒီအစိုးရခေတ်လက်ထက်မှ ဒါမျိုးကတော့ အတော်သူရဲဘောကြောင်တယ်လို့ မြင်မိတယ်။ နောက်ပြီး ဖမ်းဆီးတဲ့ပုံစံကလည်း ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာ မပြောဘူး၊ မိသားစုဝင်တယောက်တွေကို လည်း ဘာအကြောင်းကြောင့် ဖမ်းတယ်ဆိုတာလည်း မပြောဘူး။ နိုင်ငံသားယောက်ရဲ့ရပိုင်ခွင့်တွေ ဘာမှ မရဘူး”လို့ဆိုပါတယ်။

ဖမ်းဆီးခံရချိန်မှာ လေဆိပ်ကိုလာကြိုဆိုတဲ့ ကိုကျော်နိုင်ရဲ့ဇနီးနဲ့ ကလေးကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကလေးကိုတော့ ဆွေမျိုးတွေထံမှာ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ခိုင်သုခကပြောပါတယ်။

အမှုဖွင့်အရေးယူထားရမှာတော့ ကိုကျော်နိုင်တဦးသာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ အေအေအဖွဲ့ဘက်ကလည်း ရခိုင်ပြည်နယ်ကို နေရပ်ပြန်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခေါ်ဆောင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013